11:မရှိမဖြစ်သူ

739 86 4
                                    

#Unicode

ခွန်းတစ်ယောက် အပြေးအလွှားပင်ရောက်လာခဲ့ရသည်။ ရှိုင်း ဖုန်းဆက်၍ ခေါ်သောကြောင့်ပင်။ တစ်မနက်လုံး အတူတူရှိနေခဲ့ပါသော်လည်း ဘာအကြောင်းကြောင့် ရှိုင်းဆက်တစ်ယောက် ည ၇နာရီထိုးမှ အရေးတကြီး လှမ်းခေါ်ပါလိမ့်။ သူစဉ်းစားမရချေ။ သို့သော် သူလည်း မငြင်းမိပါပဲနှင့် ရှိုင်းဆက်အိမ်သို့ တက္ကစီဌားကာသာ အရောက်လာခဲ့တော့သည်။

ရှိုင်းတစ်ယောက် မနက်ကတည်းက မျက်နှာသိပ်မကောင်းတာကို သူသတိထားမိသည်။ ယခုနောက်ပိုင်းတွင် ရှိုင်းဆက်၏ vocalပိုင်းနှင့်ပတ်သက်၍ vocal trainer ထံသို့ နေ့စဉ်သွားဖြစ်နေသည်။ ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလို ရှိုင်းဆက်အတွက် လိုအပ်မည်ထင်သည့်အရာများကို ကျော့ရှင်းနှင့်တိုင်ပင်ကာ စီစဉ်ပေးဖြစ်သည်။

Starlight music productionမှ ဦးသက်မင်း နှင့်ညှိနှိုင်းချက်အရ online တွင် ရှိုင်းရဲ့ သီချင်းအသစ်တစ်ပုဒ်တင်နိုင်ရန် အတွက် အသည်းအသန်ပင် ကျွန်တော်တို့စီစဉ်ကြိုးစားနေကြသည်။ ယခုရက်ပိုင်းတွင်တော့ ရှိုင်းဆက်တစ်ယောက် ဘာဖြစ်နေမှန်း ကျွန်တော်ကိုယ်တိုင်ပင် မသိ။ အခုလည်း vocal trainerထံမှ ပြန်လာပြီး သိပ်မကြာခင်ပင် ကျွန်တော့်ကို သူ့အိမ်သို့လာရန် ခေါ်၍ကမန်းကတန်း ပင် ထွက်လာခဲ့ရသည်။

ကျွန်တော်ပုံမှန်အတိုင်းပင် သူ့အိမ်ရောက်တော့ သူ့အခန်းသို့ဦးစွာ သွားမိသည်။ သို့သော် သူမရှိချေ။ အိမ်သို့လာရန်ခေါ်ပြီး ဘယ်ရောက်နေမှန်းမသိသော အိမ်ရှင်။ သူ့ဖုန်းကို တစ်ချက်ပြန်ခေါ်ကာ မေးလိုက်မိသည်။
"ဟဲလို..ကျွန်တော်ရောက်ပြီ..ခင်ဗျားဘယ်မှာလဲ?.."
"ငါလူလွှတ်ပြီး..ခေါ်ခိုင်းလိုက်မယ်..ခွန်း..အဲ့မှာ..ခဏစောင့်..." ဟုပြောကာ ဖုန်းချသွားသည်။

သူ့စကားအတိုင်းပင် ကျွန်တော် ခေတ္တမျှစောင့်လိုက်တော့ ထိုစံအိမ်မှ ကောင်လေးတစ်ယောက်ရောက်လာပြီး ကျွန်တော့်ကိုသူနှင့်လိုက်ခဲ့ရန်ခေါ်၍ ဘုမသိဘမသိ ယောင်လည်လည်ဖြင့် လိုက်သွားမိသည်။ ခင်ဗျား..ဘယ်ရောက်နေတာလဲ..။

စံအိမ်တွင် ကျွန်တော်မသိသော နေရာများစွာရှိသေးသည်။ ရှိုင်း၏ အခန်းလားရာနှင့် ဆန့်ကျင်ဘက်သို့ လျှောက်သွားပြီးနောက် လှေကားလေးတစ်ခုအတိုင်းတက်လာခဲ့ပြီး ထိုလှေကား၏အစွန်းတွင် အခန်းငယ်လေးတစ်ခုက အဆင်သင့်စောင့်နေသည်။ ထိုအခန်းသို့သွားရာ လမ်းတစ်လျှောက်တွင်လည်း အဝါရောင်မီး မှိန်ပျပျလေးများဖြင့် တိတ်ဆိတ်အေးချမ်းစွာရှိနေပုံက အထက်တန်းဆန်လှသည်။ ကောင်လေးက ထိုအခန်းလေးသို့ ဝင်သွားရန်ပြော၍ သိချင်လိုစိတ်များကြောင့် ကျွန်တော်ဝင်လာခဲ့လိုက်သည်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now