32: မဝေးချင်ဘူး...

564 52 4
                                    

#Unicode

သာယာစုံလင်လှသည့် တေးသံလွင်လွင်တို့ကို M music production အနီးတစ်ဝိုက်ထံမှ ကြားနေရသည်။ မကြာမီအမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်မည့် ဂန္တဝင်တေးသီချင်းလက်ရာများအတွက် orchestra များနှင့် လေ့ကျင့်နေကြခြင်းဖြစ်သည်။ နှစ်နှစ်တာအတွင်း မင်းမဟာ၏ ပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်သည့် M music production သည်ပွဲအခမ်းအနားအချို့ကိုလည်း ကြီးကြပ်ပြီး ဦးဆောင်ကာ ကျင်းပပေးလေ့ရှိသည်။

ထို့ကြောင့်လည်း မင်းမဟာသည် ယခင်ကထက် အလုပ်နှစ်ဆပိုနေခဲ့သည်။ တတ်နိုင်သမျှ အပင်ပန်းခံ၍လည်း ကိုယ်တိုင်ပင် ဦးဆောင်စီမံပေးသည်။ အဘယ်ကြောင့်ဆိုသော် အလုပ်ထဲတွင်စိတ်ရောက်နေခြင်းက သူ၏စိတ်ကို အနည်းငယ်တော့ ငြိမ်းချမ်းမှုပေးနိုင်သောကြောင့်ပင်။ အပြည့်အဝတော့ မဟုတ်တန်ရာ။ ရင်ဘတ်ထဲမှ ခံစားမှုများက သူ့ကို ယခုအထိ ထိုးနှက်နေကြသေးသည်ကိုတော့ သူကိုယ်တိုင်သာသိသည်။

"ဒုန်း!!!......"

တီးဝိုင်းနှင့် သံစဉ်ညှိကာ လေ့ကျင့်နေကြသော သူတို့အခန်းတွင်းသို့ တံခါးကိုတွန်းဖွင့်ကာ ဝင်လာသူက ရှိုင်း...။

အမောတကောနှင့် လှမ်းလာသည့် ရှိုင်း၏ ခြေလှမ်းများက မင်းမဟာဆီသို့ ဦးတည်လာသည်။ တီးဝိုင်းတစ်ဖွဲ့လုံးသည်လည်း မျက်စိ အကြောင်သားဖြင့် အံ့ဩကာ ကြည့်နေကြသည်။

ရှိုင်းက တီးဝိုင်းရှေ့တွင် ရပ်နေသည့် မင်းမဟာ၏လက်ကို ဆွဲကာ ထိုအခန်းတွင်းမှ ထွက်ရန်ပြင်နေသည်။

"ဘယ်လဲ ရှိုင်း!!?....ဘယ်သွားမလို့လဲ??...ငါမအားဘူး!!..." ဟူ၍ ရှိုင်း၏ဆုပ်ကိုင်ခြင်းကို ခံထားရသည့် လက်တစ်ဖက်ကို ကျန်တစ်ဖက်ဖြင့် သူပုတ်ချကာ ပြောလိုက်သည်။

သို့သော် ရှိုင်းက မလျှော့သေးပဲ မင်းမဟာ၏ လက်ကိုသာ ထပ်မံဆွဲကာ ‌အပြင်သို့ခေါ်နေသည်။

"ငါနဲ့ခဏလိုက်ခဲ့!!!......."

" ဘာကိစ္စလဲကွာ!!..ဒီမှာပြောလို့မရဘူးလား?...ငါမအားဘူး..ဒီနေ့အပြီးတိုက်ပေးရမှာ....." ဟူ၍ ထပ်မံကာ လက်ကို ပုတ်ချလိုက်ပြန်သည်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now