8:မျှော်လင့်ချက်

759 93 5
                                    

#Unicode

"ဟုတ်ကဲ့...ကျွန်တော့်ရဲ့ပရိသတ်တွေအတွက်..အမြဲတမ်းကြိုးစားနေမှာပါ..ကျွန်တော့်ရဲ့..mini album လေးအတွက်ကိုလည်း...ပရိသတ်ကြီးစောင့်ရကျိုးနပ်အောင်..အကောင်းဆုံးတွေပဲ...ကျွန်တော်တတ်နိုင်သလောက်ဆက်လုပ်သွားမှာပါ...." 
TV channel တစ်ခုမှ မင်းမဟာ၏ interviewကိုကြည့်ပြီး မျက်နှာလွှဲလိုက်သူက ရှိုင်းဆက်.......

အခုဆိုရင် ရှိုင်း အနုပညာအလုပ်တွေ မလုပ်တော့ကတည်းက မင်းမဟာ က အတော်လေးတိုးတက်လာသည်။ ယခင်က ရှိုင်းနှင့် လက်တွဲလုပ်ခဲ့သော entertainmentအတော်များများက မင်းမဟာဆီသို့ ယခုဆို ဦးတည်နေကြပြီ။ နေရာဝင်လုလာသည်ဟုပြောလျှင်လည်း မမှားနိုင်ရာ။ဘာကြောင့်လည်းဆိုတော့ မင်းမဟာကိုယ်တိုင်က ရှိုင်းနှင့်မကင်းရာ မကင်းကြောင်း ပတ်ဝန်းကျင်ကို ရွေးချယ်ကာ ကျက်စားနေသောကြောင့်ပင်။

"ခင်ဗျား...ဒီအတိုင်းပဲနေတော့မှာလား?..." ကျွန်တော်မေးလိုက်သော အမေးကို သူချက်ချင်းမဖြေချေ။
"ဘာလို့လဲ?...ဒီအတိုင်းနေတာက..မကောင်းဘူးလား..?..ကျော်ချင်တဲ့သူကျော်..ပြိုင်ချင်တဲ့သူပြိုင်..မအေးချမ်းဘူးလား?..."

အပြင်ပန်းနားထောင်လျှင်တော့ အရာရာကိုအလျှော့ပေး‌လိုက်သလို လေသံဖြင့်ပြောနေသော်လည်း တကယ်တမ်းတော့ သူကြောက်နေမှန်း ကျွန်တော်သိနေသည်။
"အေးချမ်းတယ်?....ဟား..ဟား..သေချာလို့လား?..ခင်ဗျားတကယ်ရော..အေးချမ်းနေရဲ့လား..."
"ဘာလဲ...မင်းက..ငါ့ကိုပူလောင်နေတယ်..ထင်လို့လား?..ငါ့ဘဝကအခုမှ..တကယ်ကိုအေးချမ်းသွားတာ...."

မလိမ်တတ်ပဲလိမ်နေသောသူနှင့်...နားမထောင်ချင်သောစကားများကို..အောင့်အည်း‌နားထောင်နေရသော..လူနှစ်ယောက်က..အတော်ကလေး..ကာရန်လွဲနေသည်။
"ခင်ဗျား..သူ့ကိုကြောက်နေတာမဟုတ်လား?...အခုလိုတစ်ရှိန်ထိုး...ခင်ဗျားနေရာကို..သူဝင်ယူလိုက်နိုင်လို့လေ..."

ကျွန်တော်ပြောလိုက်သော စကားက အမှန်ပင် သူ၏မခံချင်စိတ်နှင့် ပုန်းကွယ်နေသော မာနအချို့ကိုလေပင့်ပေးလိုက်ခြင်းဖြစ်သည်။သို့သော်
"သူ့ကို..အနိုင်ပေးလိုက်တာပါ...ပြိုင်ဘက်မရှိတဲ့..ပြိုင်ပွဲတစ်ခုကို...တစ်ဖက်သတ်အနိုင်ပေးလိုက်တာ.....ဒါပါပဲ.."
"ဘာဗျ!...ဘာပြောတယ်...ခင်ဗျားကသိပ်ပျော့ညံ့တဲ့..ယောကျာ်းတစ်ယောက်ပဲ....တစ်ကြိမ်လဲကျတာနဲ့..ဘဝကိုအရှုံးပေးဖို့..ဆုံးဖြတ်လိုက်တဲ့..ခပ်ညံ့ညံ့လူတစ်ယောက်ပဲ...."

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now