7:Do you trust me??...

795 93 2
                                    

#Unicode

နေရောင်ခြည်နွေးနွေးက အခန်းမှန်ပြတင်းမှတစ်ဆင့် ကျွန်တော့်အိပ်ယာပေါ်သို့ပင် ဖြာကျနေလေပြီ။ သို့သော် ထိုသို့ ဖြာကျနေသော အိပ်ယာပေါ်တွင် ကျွန်တော်ရှိမနေချေ။ ယခင်ကဆိုလျှင် အခုလိုအချိန်မျိုးက ကျွန်တော် အိပ်မက်မက်နေတုန်း ဆိုသော်လည်း အခုတော့ သူ့ကြောင့်နှင့် မီးဖိုခန်းထဲသို့ စောစောစီးစီးရောက်နေရပြီလေ။

မနေ့ကလေ့ကျင့်ထားသော မာလာရှမ်းကောချက်ပုံချက်နည်းကို ကြိုးစား၍ တစ်ဖန် ချက်ရဦးမည်လေ။ဒီနေ့သူက မနက်ကိုးနာရီ စံအိမ်သို့အရောက်လာရန် မှာကြားထားသော အမိန့်စကားအရ ယခုအချိန်မှထ၍ ချက်ရမည်ကိုတော့ ကျွန်တော်နားလည်ထားသည်လေ။

ဘယ်သို့သော ဝဋ်ကြွေးတွေများပါလာမိပါလိမ့်....ကျွန်တော်နှင့် ဘာဆိုဘာမျှ မပတ်သက်သော သူ့အတွက်နှင့်...အပျင်းဆုံးနှင့် မလုပ်ချင်ဆုံးသော အလုပ်တစ်ခုကို..နိစ္စဓူဝပြုလုပ်နေရပြီး...အပြောခံအဆိုခံနေသည်မှာ...တော်ရုံဝဋ်ကြီးတာမျိုးတော့..မဟုတ်တန်ရာ.........

မီးဖိုခန်းထဲတွင် အလုပ်များနေတုန်း ဖုန်းသံမြည်လာ၍ ပြေးကိုင်ရသေးသည်။ သူမဟုတ်ပါစေနဲ့.....

"ဟဲလို..ဘယ်သူလဲ...."
ဖုန်းထဲမှ အသံကိုလဲ ဂရုမမူအားပေ။ ကိုယ့်အလုပ်နှင့်ကိုယ်မို့

"ဟဲလို!..ဘယ်သူလဲလို့...ဖုန်းမှားနေပါတယ်....." မအားရတဲ့ကြားထဲ...ဖုန်းသရဲတွေကတစ်မျိုး....
ကျွန်တော် ဘယ်သူမှန်းမသိသော်လည်း ဖုန်းကို အလျင်အမြန်ချကာ မီးဖိုခန်းသို့ပြေးမည်အပြု ထပ်မံ၍ မြည်လာသော ဖုန်းကြောင့် ဒေါသအတောင့်လိုက်ထွက်ရပြန်ပြီ။

"ဟဲလို...ဘယ်သူလဲလို့!!!...ဟိုဘက်ကတော်တော်အားနေလား!!...ခေါ်ပြီးဘာမှမပြောရင်..လာမခေါ်နဲ့ကြားလား.!!....."

ထိုအခါမှ စူးရှပြီးကျယ်လောင်သော အသံပိုင်ရှင်က ဒေါပွစွာပင်
"ဟဲ့....ဘယ်သူရှိရမလဲ?...နင့်အမေ...နင့်အဖေရဲ့မိန်းမ....နင့်ရဲ့မွေးသမိခင်ကျေးဇူးရှင်ဟေ့....!!!..ရှင်းပြီလား...."

"‌အယ်....ကန်တော့ကန်တော့...အမေ...သား..သားမသိလိုက်လို့..ဟီး..." ကိုယ့်အမေအသံပင် ကိုယ်မမှတ်မိပဲ အားရပါးရ အော်ဟစ်မိလိုက်၍ မျက်နှာချိုပြန်သွေးရလေသည်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Место, где живут истории. Откройте их для себя