4:Help me!!!

1K 105 8
                                    

#Unicode

"နင်တို့..ဒါဘာလုပ်တာလဲ?..အုပ်စုဖွဲပြီး..မိန်းကလေးတစ်ယောက်ကို...အနိုင်ကျင့်မလို့လား...."

"အေးဆေးပေါ့ဟာ..နင်ကလည်း...ငါတို့ကနင့်ကိုအနိုင်မကျင့်ပါဘူး...ငါလိုချင်တဲ့အဖြေတစ်ခုကို..နင့်ဘက်ကပေးရင်..ရပြီ...ဘယ်လိုလဲ?.."

ဒါနောက်ဆုံးပေါ် မိန်းကလေးတစ်ယောက်ဆီက အ​ဖြေတောင်းနည်းလား? လူလေးငါးယောက်လောက်က မွန်မြတ်နှင်း အနားမှာဝိုင်းထားကာ အဖြေတစုံတရာမပေးပါက လုပ်ချင်ရာလုပ်မယ့်လူမိုက်ရုပ်တွေနဲ့ 'တော်တော်အောက်တန်းကျတဲ့ လုပ်ရပ်ပဲ..အင်အားသုံးတိုင်း..ငါ့အချစ်ကိုရမတဲ့လား...$ရူးတွေရဲ့..' နှင်းစိတ်ထဲမှ ကြိတ်ကာသာ ကျိန်ဆဲလိုက်တော့သည်။

"ဟဲ့..အောင်ထိုက်..ဒါအဖြေတောင်းတဲ့နည်း လား?..နင်တို့ပုံစံက..ဓားပြတိုက်မယ့်ရုပ်တွေနဲ့...ဒီပုံစံနဲ့တော့..ငါ့အချစ်ကိုဒီတသက်..မမျှော်လင့်နဲ့...ဖယ်စမ်းပါ..ငါ့ရှေ့က...."

"မဖယ်ဘူးဟာ...နင်ချစ်တယ်လို့ပြောရင်..ငါတစ်ခါတည်းပြန်မယ်...နင့်ကိုလည်းမနှောင့်ယှက်တော့ဘူး....ဒါလေးပဲပြောရမှာကိုဟာ...ပြောလိုက်စမ်းပါ.... "

ဟာ...စိတ်ပျက်စရာကောင်တွေပဲ...

"ဒီမယ်...ငါနင့်ကိုအဖြေပေးရင်..ကျေနပ်ပြီမလား.."
"အင်း..ဟုတ်တယ်.."

"ကဲ..ဒါဆို..ငါပြောမယ်...အောင်ထိုက်..ငါနင့်ကိုမချစ်ဘူး...အရင်ကလည်းမချစ်ခဲ့ဘူး..အခုလည်းမချစ်ဘူး...နောင်လည်းချစ်မှာမဟုတ်ဘူး...ရှင်းပြီလား...ဖယ်တော့..ငါ့ရှေ့က.."

သူတောင်းသော အဖြေကို နှင်းဘက်မှပေးလိုက်သော်လည်း မျှော်လင့်ထားသော အဖြေမဟုတ်၍ မကြည်မလင်ဖြင့် နှင်းကို ကိုက်စားတော့မည့်အကြည့်နှင့်ကြည့်ကာ

"ငါလိုချင်တာ..အဲ့ဒီအဖြေမဟုတ်ဘူး...မွန်မြတ်..ငါကောင်းကောင်းမွန်မွန်တောင်းနေတုန်းဖြေနော်...မရရင်တော့..အကြမ်းနည်းသုံးရမှာပဲ...."

"ဟ...နင်က..ကလိမ်ကကျစ်ပဲ...အဖြေပေးရင်ဖယ်ပေးမယ်...မနှောင့်ယှက်တော့ဘူးဆို...ငါ့ဘက်ကသဘောထားကို..ပွင့်ပွင့်လင်းလင်း နင်သိရပြီပဲ...ဖယ်လိုက်ပါတော့လား...ဒီမှာ..အဖြေဆိုတာ..ချစ်ချင်ချစ်မယ်...မချစ်ချင်မချစ်ဘူး...အဲ့ဒါအဖြေလေ...ဘာတွေလာကြောင်နေတာလဲ...."

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now