Author's note and Next fic Intro

646 37 47
                                    

Author's note

#Unicode

မင်္ဂလာပါ သဲငယ်တို့ရေ....❤️❤️❤️

Waddy တစ်ခါမှ A/N မရေးဘူးလို့ အမှားပါခဲ့သည်ရှိသော် ဗွေမယူကြပါနဲ့နော်။

ပထမဆုံးအနေနဲ့ Waddy ပြောချင်တာက "ချစ်ခြင်း၏တမန်တော်" fic လေးကို အစမှအဆုံးထိတိုင် လိုက်ပါစီးမြောပေးကြသော သဲငယ်တို့အားလုံးကို ကျေးဇူးအများကြီးတင်ချင်တာပါ။

Waddy က အခုမှ စာစရေးနေတဲ့ author ပေါက်စတစ်ယောက်ဖြစ်တဲ့အတွက် အမှားတွေ၊လိုအပ်ချက်တွေ ကျိန်းသေရှိမှာပါ။ ဒါတွေကိုလည်း မငြီးမငြူပဲ သည်းခံဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အရမ်းလည်း အားနာမိသလို ကျေးဇူးလည်းတင်ပါတယ်နော်။

ဒီ fic လေးကို စပြီးဖန်တီးမယ်လို့ စိတ်ကူးမိကတည်းက Waddy မှာ pressure တွေရှိနေခဲ့ပါတယ်။ အကြောင်းကတော့ ရှေ့က "ထာဝရသူငယ်ချင်း(B.F.F)" က ဇာတ်အိမ်လည်းနည်းသလို ဇာတ်ကောင်လည်းနည်းတာမို့ အခု တမန်တော်က Waddyအတွက် စိန်ခေါ်မှုတစ်ခုလိုဖြစ်နေတာပါ။

တမန်တော်က ဇာတ်အိမ်လည်းကျယ်သလို ဇာတ် ကောင်လည်းများတဲ့အတွက်  အမှားလည်းများပါတယ်။ စပြီးဖန်တီးကတည်းက BL မဟုတ်ပဲ Bromance type ဘက်ကိုသွားဖို့ စိတ်ကူးထားတာပါ။ ဒါပေမယ့် ရေးရင်းရေးရင်း BL ဘက်ကို ကူးပြောင်းသွားတာပေါ့နော်😁😁။ အဲ့လိုတော်တာပါ...။

ယောင်္ကျားလေးနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာသဘောတရား၊အနေနီးတာနှင့်အမျှ သံယောဇဉ်တွယ်လာကြတဲ့ သူတို့ရဲ့စိတ်ခံစားမှုကို အဓိကပြချင်တာပေါ့နော်။ တတ်နိုင်သလောက်တော့ ရေးချင်တဲ့ပုံစံရောက်အောင်ဖန်တီးထားပေမယ့် ရောက်မရောက်ကတော့ သဲငယ်တို့ စာဖတ်သူတွေ ဆုံးဖြတ်ကြည့်ပေးရမှာပါ။

အခုဆိုရင် ဇာတ်သိမ်းပိုင်းလည်း ဖတ်ကြည့်ပြီးပြီဆိုတော့ သဘောမကျတဲ့သူ‌တွေ၊ မကြိုက်တဲ့သူတွေလည်း ကျိန်းသေရှိမှာပါ။ "ဘယ်လိုဇာတ်သိမ်းကြီးလဲ.." ဆိုပြီး ဝေခွဲမရဖြစ်တဲ့သူလည်း ဖြစ်နေကြမှာပေါ့နော်။ အထူးသဖြင့်တော့ Waddy ပြောချင်တာက ဇာတ်သိမ်းနဲ့ပတ်သက်ပြီးတော့ပါ။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now