24:နီးစပ်ခြင်း၏ အနားသတ်

582 62 8
                                    

#Unicode

"ခွန်း တို့မြို့က..အရမ်းသာယာတာပဲနော်..ဒေသခံတွေကလည်း..အရမ်းဖော်ရွေတယ်...အေးအေးချမ်းချမ်းနဲ့..နေလို့လည်းကောင်းတယ်....."

ညောင်ရွှေဈေးသို့ ရောက်ကတည်းက ရှင်းတစ်ယောက် အပျော်လွန်ပြီး စကားတွေကို ဖောင်ဖွဲ့ကာ ပြောတော့သည်။

"ရှင်းကလေ..အရင်က..ဒီကိုခဏခဏရောက်ဖူးပေမယ့်...အခုလိုမျိုး..အေးအေးဆေးဆေးမဟုတ်ဘူးလေ....အလုပ်ကိစ္စတွေနဲ့ဆိုတော့...ရှုခင်းအလှတွေလည်း..မခံစားနိုင်ဘူး ....ကျေးဇူးအများကြီးတင်ပါတယ်..ခွန်း......"

"ရပါတယ်..ကျော့ရှင်းရဲ့..ကျွန်တော့်ကိုကျေးဇူးတင်စရာမလိုပါဘူး...ကျွန်တော်ကသာ..ကျော့ရှင်းကို.. ကျေးဇူးတင်ရမှာပါ...အခုလိုမျိုး..ရှိုင်းနဲ့ကျွန်တော့်ကို...အစစအရာရာကူညီပေးလို့......"

ကျွန်တော်နှင့်ရှင်းတို့ စကားတပြောပြောဖြင့် ဈေးသို့လျှောက်လာခဲ့ကြသည်။ ဆိုင်ကယ်ကိုတော့ ကျွန်တော့်အသိဆိုင်မှာ အပ်ထားခဲ့သည်။

ရှိုင်း နိုးပြီလား?...ရှိုင်း စိတ်ဆိုးနေတုန်းပဲလား?..သူ့ကို ခေါ်မလာတာကိုရော..သူစိတ်မကောင်းများဖြစ်သွားမလား?......ဟင်း...

"ခွန်း...ခွန်း.....ရှင်း မေးနေတာကြားရဲ့လား??..."

မိမိအတွေးနှင့် မိမိမို့ သူမ မေးနေသည်ကို မကြားမိလိုက်ပေ။ ရှိုင်းအကြောင်း တွေးနေရလျှင်ကို ပတ်ဝန်းကျင်ကို မေ့နေတတ်သော ကျွန်တော်ပါတကား။
"ဘာ..ဘာမေးလိုက်တာလဲ??...ကျော့ရှင်း..မကြားမိလိုက်လို့...."

ကျော့ရှင်းက ပြုံးပြကာ
"ဘာလဲ ခွန်း...ကိုရှိုင်းအကြောင်းတွေးနေလို့လား?...အဲ့ဒါကြောင့်..သတိလက်လွတ်ဖြစ်သွားပြီး မကြားလိုက်တာ..မဟုတ်လား....."

သူမ ပြုံးကာ ပြောနေသော်လည်း ကျွန်တော်အားနာသွားမိသည်။
"ဟုတ်..ဟုတ်ကဲ့...."

"ရှင်းမေးတာလည်း..အဲ့အကြောင်းပါပဲ..ခွန်းက ဘာကြောင့်..ကိုရှိုင်းကို..အဲ့လောက်ထိချစ်ရတာလဲဟင်?..."

ဟုတ်ပါရဲ့..။ ကျွန်တော့်ကိုယ် ကျွန်တော်တောင် တစ်ခါမှ မမေးခဲ့ဖူးပေ။ သူ့ကို ဘာကြောင့် ကျွန်တော် ချစ်ခဲ့ရတာလဲ?။ သူနှင့် ကျွန်တော်က တစ်စက် ကလေးမျှ တည့်တဲ့သူတွေ မဟုတ်ပါပဲနှင့် အခုလောက်ထိ စွဲစွဲလမ်းလမ်း ချစ်မိခဲ့ကြတာ အံဩစရာကောင်းသည်တော့ အမှန်ပင်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now