(၈)

2K 202 20
                                    

နေရောင်ခြည်ကား ပြတင်းတံခါးမှနေ၍အခန်းတွင်းသို့ဖြာကျလျှက်ရှိနေသည်။ ဆောင်းလေသွေး၍ နှင်းဝေသော ဤလိုနေ့မျိုးက ကျောင်းပိတ်ရက်နှင့်တိုက်ဆိုင်လျှင်တော့ ပြောနေစရာမလို။ အိမ်ကြီး​၏ သားတော်မောင်နှစ်ဦးသားမှာ နောက်ကျသည်အထိ အိပ်ရာမှ မနိုးပဲရှိနေတတ်သည်မလား။

"နင့်မယားကို ငါမရနိုင်"

ရေချိုးခန်းအတွင်းမှ မပီမသသီချင်းဆိုသံသဲ့သဲ့ကလေးက အိမ်ပေါ်ထပ်တစ်ခုလုံးပျံ့လွင့်လာသည်။

"လှောင်အိမ်ထဲက ချစ်ငှက်လို"

"ခခလေးအထဲမှာလား"

မနက်ခင်းအိမ်သန့်ရှင်းရေးလုပ်နေသည့် ဒေါ်အုန်းမေက ရေချိုးခန်းထဲမှ အသံကြောင့် မရေမရာ မေးခွန်းထုတ်လေသည်။

"ဟုတ်တယ် ကြီးမေ"

ခိုက်ခိုက်တုန်နေသည့် အသံလေးဖြင့် သေချာစေသည်က တော့ မင်းသုခ။ ကျောင်းနားရက်ကိုပင် အစောကြီးရေချိုးနေဟန်တူ​၏။ ညီအစ်ကိုဟုမပြောရ။ မင်းသုတလည်း တစ်ခါတရံထိုနည်း၎င်း စိတ်ထဲရှိရာလုပ်နေတတ်​သည်မလား။

တစ်ခါကရှိဖူးသည်။ ဆောင်းတွင်းတစ်ခုလုံး မနက်တိုင်း ရေခဲမုန့်စားသည့် မင်းသုခနှင့် နွေရာသီ တစ်ခုလုံးရေမချိုးသည့် မင်းသုတ။ မင်းသုခက ကလေးမလို့ လူကြီးများက လွှတ်ထားစော်လည်း မင်းသုတကို မေးလေတော့ ရေချိုးလျှင် ပိုပူသည်ဟုဆိုလေသည့် ကောင်ကလေး။ ထိုအချိန်က ညီအစ်ကိုနှစ်ဦးစလုံးအတော်လေးငယ်ကြသေးသည်။ ဤအကြောင်းပြချက်များကြောင့်လည်း ဒေါ်အုန်းမေကိုယ်တိုင် ထိုညီအစ်ကိုနှစ်ဦးကို နားမလည်နိုင်သည်က ထူးဆန်းမှုတော့မဟုတ်ပါလေ။

"သားလေးရယ် အစောကြီး။ မင်းအအေးပတ်တော့မှာပဲ။ မြန်မြန်ချိုးနော်။ ကြီးမေ အဝတ်ထုတ်ပေးထားမယ်"

"ဝုတ်"

အခန်းတွင်းမှာတော့ စောင်ခြုံထဲကွေးနေသည့် မင်းသုတရှိနေလေသည်။ ထုံးစံအတိုင်း စာအုပ်ကလေးတစ်အုပ်ဖြင့်။

"သားသု မင်းညီကိုမပြောတော့ဘူးလား"

စကားပြန်မရမည်ကိုသိသည့်တိုင် ဒေါ်အုန်းမေကတော့ ဗျစ်တောက်ဗျစ်တောက်ဖြင့်သာ အဝတ်ထုတ်ရင်း၊ အိပ်ရာရှင်းရင်း။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now