(၂၁)

915 89 22
                                    

စိမ်းလန်းစိုပြေ။

အပန်းဖြေစရာပန်းခြံကြီးက လာရောက်လည်ပတ်သူများဖြင့်စည်ကားလို့နေသည်။ ညနေစောင်းအချိန်မို့ သုခတို့လို ကျောင်းသားများနည်းတူ အလုပ်ဆင်းလာသည့် စုံတွဲများကလည်း လက်ချင်းယှက်လို့။

ဟိုမှသည်မှပျံ့လွင့်လာသည့်သီချင်းသံသဲ့သဲ့က ပန်းခြံတစ်ခုလုံးကိုလွှမ်းခြုံသွားသည်။ လေနုအေးအေးက ရေကန်ကြီးကိုဖြတ်ကျော်ကာတိုက်ခတ်လာသည်မို့ တစ်ချက်တစ်ချက် စိမ့်ခနဲ။ ဟိုတစ်စု၊ သည်တစ်စုဖြင့်ဝိုင်းဖွဲ့နေကြသည့် သက်ရှိများကလွဲ၍အရာရာသည့် သီချင်းလေးဖြင့်သာ စီးမျောနေသယေယင်ဖြစ်တော့သည်။

"ဟေ့ကောင် ဟိုမှာ"

ရေကူးရန်ပြင်ဆင်ပြီးထွက်လာကြချိန်တွင် မင်းခန့်​၏ ဆော်ဩမှုကြောင့် တွေ့လိုက်ရသည့် ရင်းနှီးနေသောမျက်နှာများ။

"သုခ"

အတန်းတွင်းမှ သူတို့စာသင်နှစ်​၏ အလှဆုံးဆုပေးရန်လျာထားခြင်းခံရသည့်ကောင်မလေး "အလိမ္မာထူး" နှင့်သူ့သူငယ်ချင်းများ။

"နင်တို့လည်း ရေလာကူးကြတာလား"

မင်းခန့်က အပြန်အလှန်နှုတ်ဆက်သည့်တိုင် သူကတော့ ပြောစရာရှာမရဖြစ်နေသည်။ မဆီမဆိုင် ကိုကိုကြီးပြောသည့် "ခခက social မကောင်းဘူး" ဆိုသည့်စကားက မှန်နေပြီလားဟုတွေးမိပြန်တော့ တစ်ဦးတည်းကြိတ်ပြုံးရသေးသည်။

"ဟုတ်တယ်။ နင်တို့ နှစ်ယောက်တည်းလား"

"ထုံးစံအတိုင်းပေါ့"

မင်းခန့်က ပုခုံးလေးတွန့်ရင်းပြောတော့ အလိမ္မာထူးက လက်ကလေးကာရင်းကပို့ကရို့ပြုံးရှာသည်။ ညနေဆည်းဆာအောက်တွင် ​ရေကူးဝတ်စုံကလေးဖြင့် လှချင်တိုင်းလှနေသည့် အလိမ္မာထူး။ ဝါဝါဝင်းနေသည့်အသားအရည်က ဆည်းဆာချိန်တွင်မို့ ပို၍ဝင်းဝါနေသယောင်။ ဆံနွယ်ပျော့ပျော့က ပုခုံးထက် ရစ်ခွေကျနေပုံကား မထိရက်စရာ။ လုံလုံခြုံခြုံဝတ်ထားသည့် ရေကူးဝတ်စုံကလေးသည်ပင် သူ့အလှကို ပံ့ပိုးပေးနေသည့်ဟန်ဖြင့်။

"နင်တို့ အဆင်ပြေရင် ငါတို့နဲ့တူတူကူးမလား"

အလိမ္မာထူးနှင့်မိန်းကလေးသုံးဦးပါသလို ယောက်ျားလေးနှစ်ဦိးလည်းပါသေးသည်။ သေချာသည်ကတော့ ထိုသူများက သူတို့အတန်းထဲမှ မဟုတ်ကြသည့် မျက်နှာစိမ်းများသာ။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Tempat cerita menjadi hidup. Temukan sekarang