(၂၆)

1.8K 112 46
                                    

ကော်ဖီဆိုင်​၏ နားနေခန်းလေးထဲ မင်းသုတတစ်ဦးတည်း ပျာယာခတ်နေသည်။ အကြောင်းကားတခြားမဟုတ်။ ယမန်နေ့ကလက်ခံရရှိခဲ့သည့် စာအိတ်တချို့နှင့် ဓာတ်ပုံများက သူထားသည့်နေရာတွင်မရှိပဲ နေရာရွေ့နေသည်ကို မနက်က တွေ့ခဲ့ရသည်မလား။

"ဟဲလို ကြီးမေ။ ကျွန်တော်ပါ"

"သားသုလား"

"ဟုတ်ကဲ့"

"ထူးထူးဆန်းဆန်း ကြီးမေဆီဖုန်းတွေဘာတွေခေါ်လို့ပါလား။ နေကောင်းရဲ့လား"

"ကောင်းပါတယ်ကြီးမေရဲ့။ ကြီးမေ အားရဲ့လား"

"ကျုပ်ကဘာလုပ်စရာရှိလို့တုန်း။ အားတာပေါ့။ သားသု ဘာပြောစရာရှိလို့လဲ"

"ကြီးမေကို မေးစရာလည်းရှိတယ်။ ပြီးတော့ ကျွန်တော် တိုင်ပင်ချင်တာလည်းပါလို့"

အမြဲတစေ အလုပ်ကိစ္စဖြင့်ခရီးသွားနေရသည့်ဦးမင်းအောင်ကြောင့် ဒေါ်အုန်းမေကသာ ငယ်စဉ်ကတည်းက မင်းသုတ​၏ တိုင်ပင်ဖော်၊ စကားပြောဖော်ဖြစ်ခဲ့သည်။ ဒေါ်သက်ထားနှင့်ခခတို့ရောက်လာပြန်တော့လည်း ဆက်ဆံရေးကို အသားမကျသည့်သုတက ဒေါ်အုန်းမေကိုသာ ပိုကပ်တွယ်ခဲ့သည်မလား။

"ကဲ ပြောပါဦး"

"ကြီးမေ အရမ်းတော့ စိတ်မပူပါနဲ့နော်"

"သားသုအဲ့လိုပြောမှ ကြီးမေပိုပူတာတော်။ ဘာတွေဖြစ်လို့လဲ ကလေးရယ်"

တစ်ဖက်ဖုန်းထဲမှ ဒေါ်အုန်းမေ​၏ စကားကြောင့် မင်းသုတကပြောလက်စကိုဆက်မပြောရန်ပြင်သည်။ သို့သော်လည်း ဤကိစ္စမျိုးက သူတို့မိသားစုသာသိသည့်လျှို့ဝှက်ချက်ပေမို့ သူ့မှာ ဒေါ်အုန်းမေကလွဲ၍ တိုင်ပင်စရာလူဟူ၍လည်းမရှိပါ။

"အန္တရာယ်ရှိတာမျိုးမဟုတ်ပါဘူး ကြီးမေရဲ့။ စိတ်အေးအေးထားနော်"

"ပြောမှာသာပြောပါသားသုရယ်။ သား ဘာသိချင်တာလဲ"

"ညီလေးနဲ့ကျွန်တော့်ကိစ္စလေ"

"ဟင်"

"ကျွန်တော်တို့အပြင် သိတဲ့လူရှိသေးလားလို့"

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now