(၉)

1.9K 176 10
                                    

အိမ်ကြီး​၏ အပေါ်ထပ်ဝရံတာအတွင်း ကောင်ငယ်လေးသုံးဦးရှိနေသည်။ စားပွဲဝိုင်းကလေးကို အလယ်တွင်ထားရင်း စာရေးနေသည်ဟု ထင်ရသော်လည်း အမှန်ကား မဟုတ်။

"မင်း ရန်မစနဲ့နော်"

"ခခ မင်းလည်းညစ်မနေနဲ့"

"ငါ့ကို လာမခေါ်နဲ့လို့ပြောနေတယ်နော်မိုးသွင်"

"ငါကအကောင်းပြောပြနေတာကို မင်းကမှမယုံတာ"

"မိုးသွင် ငါမင်းကို ဆွဲထိုးမိတော့မယ်"

"ထိုးရဲရင် ထိုးကြည့်ပါလား"

အိမ်အပေါ်ထပ်ဆီိမှ ဆူဆူညံညံအသံများထွက်ပေါ်လာပြီးနောက် တစ်စတစ်စဖြင့်လုံးထွေးသတ်ပုတ်သံတို့ကိုပါကြားလာရသည်။ စားပွဲမှာတော့ ကောင်လေးတစ်ယောက်သာ ကျန်တော့​၏။

"သားတို့..ရန်မဖြစ်ရဘူးလေ"

ကြမ်းပြင်ပေါ်တွင် သူတစ်ပြန်၊ ကိုယ်တစ်ပြန်လုံးထွေးနေသည့် မင်းသုခနှင့်မိုးသွင်။ ကလေးနှစ်ဦးပင်ဖြစ်လင့်ကစား ယောက်ျားကလေးအားပင်မို့ ဒေါ်အုန်းမေ မတတ်သာတော့ပေ။

"သားသုရေ သားသု။ လာပါဦး။ ဒီိကိုလာကြည့်ပါဦး။ သားသုရေ"

ဒေါ်အုန်းမေ အသံကြောင့် အောက်ထပ်တွင် ပန်းပင်ရေလောင်းနေသည့် မင်းသုတ အပြေးတစ်ပိုင်းရောက်ရှိလာသည်။ လက်ထဲတွင်လည်း ရေပန်းကိုင်လျက်သား။

"ဟေ့ကောင်တွေ"

မိုးသွင်က ကြောင်အမ်းအမ်းရပ်လိုက်သော်လည်း မင်းသုခကား မရပ်သည့်အပြင် အငိုက်မိသွားသည့် မိုးသွင်​၏မျက်နှာကလေးကို အားပြင်းပြင်းတစ်ချက်ထိုးခိပစ်လိုက်သည်။

"အီး ဟီး ဟီး သုခ ထိုးတယ်။ သားကို သုခထိုးတယ်။ အီးဟီး ကိုကိုကြီး သုခက တကယ်ထိုးတယ်"

ကိုယ့်အိမ်လာရင်း ဒဏ်ရာရသွားသည်မို့ ဒေါ်အုန်းမေခမျာ ပျာပျာသလဲဖြစ်နေ​၏။ မင်းသုခကား အပြစ်ကင်းသည့်နှယ် ဘေးတွင်ထိုင်ကာ လက်ပိုက်ရင်း မျက်စောင်းတခဲခဲဖြင့်။

"မင်းသုခ"

"ဟွန့်"

"သုခ ဒီက်ိုလာဦး"

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now