(၂၃)

1K 101 50
                                    

"ကိုကိုကြီး"

အိမ်ထဲဝင်လာလာချင်း မြင်လိုက်ရသည့် သုခကြောင့် မင်းသုတခြေလှမ်းများတန့်ကုန်သည်။ သည်နေ့တစ်နေ့လုံးအတွက် ပထမဆုံးအကြိမ် ဤခေါ်သံလေးကိုကြားရခြင်းဖြစ်သလို သုခသည်လည်း ဤနေ့အတွက် ပထမဆုံးအကြိမ် ထိုနာမ်စားလေးကို ခေါ်ဝေါ်ခြင်း။

"ခခ အပြင်သွားတာဆို"

"ဟုတ်တယ်။ ဒီမှာ"

မျက်နှာမသာမယာဖြင့် မင်းသုခက မုန့်ထုပ်လေးကို စားပွဲပေါ်တင်ပေးလေတော့ ကာယကံရှင်နည်းတူ အထုပ်လေးကပါ မျက်နှာငယ်လို့။

"မနက်က ဘာစားလဲ။ ထမင်းချ်ိုင့်လည်း ယူမသွားဘူး"

မင်းသုတက မည်သည့်ကိစ္စမျှမဖြစ်ခဲ့သည့်အတိုင်း အေးအေးလူလူပြောနေသည်။ မင်းသုတပုံစံကား ယမန်နေ့က ညီအစ်ကိုနှစ်ဦးစကားများထားခြင်းမရှိသလို။

"ကိုကိုကြီး ဘယ်ကပြန်လာတာလဲ"

မေးခွန်းမေးနေသည့် ခခအသံတို့က အဘယ်ကြောင့် တုန်ယင်နေရသနည်း။ သိချင်စိတ်ပြင်းပြနေသည့် မျက်ဝန်းများက အရောင်လဲ့လို့နေသည်မှာ မျက်ရည်စလေးများဝေ့ဝဲနေသည့်နှယ်။ ပုံမှန်မြင်နေကျ တက်ကြွလှသည့် ကောင်လေးက အကြောင်းပြချက်မရှိပါဘဲ စိတ်ဓာတ်ကျနေသည့် ကောင်လေးအဖြစ် ရုတ်ချည်းပြောင်းလဲသွားသည့် ညနေခင်းပါ။

"ဆေးရုံသွားတယ်၊ ကော်ဖီဆိုင် ခဏဝင်တယ်၊ ဪ ဝယ်စရာရှိလို့ Junction City ခဏ ဝင်ခဲ့သေးတယ်"

မင်းသုတစကားများကိုငြိမ်သက်စွာနားထောင်နေငည့်ခခ။ ပုံမှန်အချိန်ဆိုလျှင် ပွတ်ပွတ်ညံအောင် စကားဖြတ်ပြောနေမည့် ကောင်လေးက ထိုကဲ့သို့ငြိမ်သက်နေလေတော့ မင်းသုတလည်း မနေတတ်တော့ပုံပေါ်သည်။

"ခခ နေကောင်းရဲ့လား"

မင်းသုတက မသင်္ကာစွာမေးတော့ ခခက ခေါင်းသာညိတ်ရှာသည်။ တစ်ခါတလေလည်း တချို့စကားတွေက ထုတ်ပြောလိုက်မှ အနေရခက်သွားတာမျိုးကိုး။

"ညနေစာဘာစားမလဲ။ ကိုကိုကြီး ခဏနေ ချက်ပေးမယ်"

မင်းသုတ အလုပ်မှ ပြန်လာရင် လုပ်နေကျအတိုင်း အခန်းထဲဝင်ကာ အင်္ကျီလဲသည်။ လျှော်စရာအဝတ်များစက်ထဲထည့်သည်။ ချက်ရမည့်ဟင်းစားကို ရေခဲသေတ္တာထဲမှ ထုတ်သည်။ ပြီးလျှင်တော့ ကော်ဖီတစ်ခွက်ဖျော်ရင်း စာအုပ်တစ်အုပ်ဖြင့်အချိန်ကုန်ဦးမှာပါပဲ။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now