(၁၆)

1.4K 116 15
                                    

"ဟဲလို"

"ဟဲလို ခခနဲ့ပြောချင်လို့ပါခင်ဗျ"

မလာစဖူးအလာထူးသည့် အိမ်ဖုန်းလေးကြောင့် မင်းသုတထူးဆန်းနေရသည်။ ထို့အတူ အိမ်သို့ ရောက်တာမကြာသေးသည့် သုခကိုရှာသည့်ဖုန်းဖြစ်နေသည်မို့ ပို၍အံ့ဩနေရသည်။

"ညီလေးက ဘယ်သူလဲမသိဘူး"

"အာ ခုပြောနေတာ ကိုကိုကြီးလား။ ကျွန်တော်ပါ မိုးသွင်။ မှတ်မိတယ်မလား။ ခခနဲ့ ကျွန်တော်တို့ကို ကိုကိုကြီး စာသင်ပေးခဲ့တာလေ"

လူပျိုပေါက်အသံခပ်ဩဩ​၏ ပိုင်ရှင်က သူစာသင်ပေးခဲ့သည့် မူလတန်းအရွယ် မိုးသွင်ဟုဆိုလေသည်မို့ မှတ်မိရန်မနည်းကြိုးစားနေရသည့် သူ့အဖြစ်။

"မိုးသွင်... မိုးသွင်"

မှတ်ဉာဏ်အချို့ကလက်ခနဲဝင်လာသည်။ ခခနည်းတူ ဂျစ်တူးကောင်လေး မိုးသွင်။ ငယ်စဉ်က နှစ်ဦးစလုံး ထိန်းမနိုင်သိမ်းမနိုင်တွေမလား။

"မှတ်မိပြီလား ကိုကိုကြီိး"

"အေး မိုးသွင်။ ညီိလေး အဆင်ပြေရဲ့လား။ မတွေ့ရတာကြာပြီိပေါ့။ ကိုယ်မနည်းစဉ်းစားလိုက်ရတယ်"

"ဟုတ်တယ်။ ကိုကိုကြီးဘော်ဒါဆောင်သွားတော့ ကျွန်တော်တို့က ငယ်သေးတယ်လေ။ ဟဲဟဲ။ ကျွန်တော်တို့လည်း ခု လူကြီးဖြစ်လာပါပြ်ီိဗျ"

လူကြ်ီိးဖြစ်လာပါပြီိဗျ ဟူသော စကားကိုပင် ကလေးဆန်စွာပြောသည့် မိုးသွင်က ခခနှင့်အကျင့်စရိုက်ကအစ တထေရာတည်းဖြစ်နေသည်ကိုလည်း သူ ထူးဆန်းမနေတော့ပါ။

"ခခ ရေချိုးနေတယ် မိုးသွင်။ ဘာပြောပေးရမလဲ"

"ဪ အဲ့ဒါကြောင့် ဒီိကောင် ဖုန်းမကိုင်တာနေမှာ။ ဒီနေ့ကျွန်တော်တို့ သင်တန်းသွားအပ်မှာလေ ကိုကိုကြီး။ အဲ့ဒါ ကျွန်တော် သင်တန်းရှေ့ကပဲစောင့်နေမယ်လို့ ပြောပေးပါလား"

"မင်းလည်း ရန်ကုန်မှာလား"

"ကြာပေါ့။ ကျွန်တော် ဆယ်တန်းဒီိမှာဖြေတာလေ။ ဟိုကောင်မပြောပြဘူးလား"

စိတ်ထဲဘဝင်မကျဖြစ်သွားသည်။ တရင်းတနှီးရှိလှသည်မျိုးမဟုတ်သည့်တိုင် တစ်နယ်တည်းသားချင်းဖြစ်သည်မို့။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Dove le storie prendono vita. Scoprilo ora