(၄)

2.3K 254 14
                                    

နယုန်လ​၏ လေနွေးနွေးကလေးက ခြံထဲမှ ပန်းပင်လေးများကို ကလူကျီစယ်နေ​၏။ တောင်ပေါ်ဒေသဖြစ်သော ဤအရပ်ဒေသတွင်ပင် အိမ်ကလေးက ကုန်းမြင့်ပေါ်တွင်တည်ရှိနေသည်။

​သဘာဝတရားကြီးနှင့်ထိတွေ့မှုများသည့်ဒေသပင်မို့ ခြံဝန်းကျယ်ကလေးကိုလည်း အသုံးဝင်စွာ အသုံးချထားသည်။ အခြားမဟုတ်။ ခြံအရှေ့၊ အိမ်ဘေးနှင့် ခြံနောက်ဘက်ရှိ သစ်ပင်ပန်းမန်များ။

လေဝှေ့လေတိုင်း မဆိုစလောက်ယိမ်းထိုးသွားသည့် ခြံအနောက်ဘက်မှ ကြယ်တာရာပန်းကလေးများကို ငေးကာ မင်းသုတ ပြုံးနေမိသည်။ မိခင်ဖြစ်သူ​၏ အနှစ်သက်ဆုံးပန်းကလေး။

"ကိုကိုကြီး"

"ခခ ဘာလိုချင်လို့လဲ။ ပန်းပင်နားမကပ်နဲ့လေ"

"ဖေဖေက သွားကြမယ်တဲ့"

အချိန်စက်ယန္တရားက တရွေ့ရွေ့နှင့်ကုန်ဆုံးလာခဲ့သည်။ ယခုစာသင်နှစ် စတင်လျှင် မင်းသုတ မူလတန်းနောက်ဆုံးနှစ်တက်ရပြီး မင်းသုခပင် မူကြိုစတက်ရတော့မည်။

"သားတို့ရေ သွားကြမယ်"

အိမ်နောက်ဖေးဆီမှ ဒေါ်သက်ထား​၏ အသံကြောင့် ညီအစ်ကိုနှစ်ဦး သံပြိုင် တုံ့ပြန်လိုက်ကြသည်က 'ဟုတ်ကဲ့ မေမေ' ဟူ၍။

"ခခ လာလေ"

ဂျင်းဘောင်းဘီကို ခြေကျင်းဝတ်ကလေးလိပ်တင်ကာ တီရှပ်အနီကလေးနှင့် ကလေးလေးက ငယ်စဉ်ကလိုပင် အသားအရည်ဖြူဖြူလေး။

"ကိုကိုကြီး"

လှည့်ကာ ခေါ်လေသည့် အသံပိစိလေးနှင့် ပါးဖောင်းဖောင်းလေးကို မင်းသုတ အသည်းယားစွာ ဆွဲညစ်လိုက်ပြန်သည်။

"ဘာမေးဦးမလို့လဲ"

စကားပြောတတ်သည့်အချိန်မှစကာ သိလိုသမျှတို့အား မင်းသုတကို တိုင်တည်ကာ မေးလေ့ရှိသည်မှာလည်း သုခ​၏ ချစ်စဖွယ် အကျင့်ကလေးသာ။

"အဲ့ဒါ ဘာပန်းတွေလဲ"

"ကြယ်တာရာတဲ့ ခခရဲ့"

"ကြယ်နဲ့လဲမတူဘဲနဲ့"

စပ်စပ်စုစု စဉ်းစားရင်း မေးခွန်းထပ်ထုတ်လေသည့် မင်းသုခရယ်ပါ။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now