(၅)

2.2K 234 20
                                    

"ခခ ထတော့"

ဝေလီဝေလင်း အရုဏ်ဦး ခြောက်နာရီသာရှိသေးသည့်တိုင် မင်းသုတ တက်တက်ကြွကြွနိုးလာလေသည်။ အကြောင်းအရင်းကားအခြားမဟုတ်။ မင်းသုခ ကျောင်းစတက်ရမည့် ပထမဦးဆုံးနေ့ဖြစ်ဟစဒသောကြောင့်ပင်ဖြစ်​၏။ တစ်ဦးတည်းသော ညီလေးက သူနှင့်ကျောင်းအတူတူတက်ရမည်ကို သိသည့်နေ့မှစကာ သုတ သည်ကနေ့ကိုသာ မျှော်နေခဲ့သည်မလား။

"ကိုကိုကြီး"

မျက်လုံးကလေးမပွင့်တပွင့်ဖြင့်လက်ကလေးနှစ်ဖက် ဆန့်တန်းပေးလာသည့် သုခကို ခါးလေးကုန်းကာ သိုင်းဖက်လိုက်သည်။ ငယ်စဉ်ကပင် ဤအလေ့အထကို အကျွမ်းဝင်လာသည့် သုခက ယခုတော့ ဤသို့မှ မဖက်ရလျှင် အိပ်ယာမထတော့ပေ။

"အစောကြီးရှိသေးတာလား။ ခါတိုင်းကြားနေကျ ကျလိသံလည်း ကြားဘူး"

အိပ်မှုန်စုံမွှားဖြင့် မျက်လုံးကို ပွတ်ရင်း ကယောင်ကတမ်းပြောလေသည့် သုခရယ်။

"ခခ မျက်နှာသစ်ရမယ်။ ပြီးရင် အင်္ကျီလဲ။ ဒီနေ့ ခခ ကျောင်းစတက်ရမှာလေ"

"ကိုကိုကြီးနဲ့ တူတူလား"

"အင်းပေါ့"

သုခကိုယ်တိုင် ကျောင်းဟူသည်ကို သိရှိပုံမပေါ်သော်လည်း အစ်ကိုဖြစ်သူနှင့် အပြင်သွားရမည်ဟု ထင်မှတ်နေ၍ မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ်လုပ်ကာသာ အိပ်ယာပေါ်မှ လူးလဲထတော့သည်။

"အာ"

ညီအစ်ကိုနှစ်ဦး ရေချိုးခန်းအတွင်းဝင်ရင်း သူတက ညီလေးကို လုပ်ကိုင်ပေးသည်။ မျက်နှာသစ်ပေးလေတော့ သုခက ငြိမ်နေသလို သွားတိုက်စေပြန်တော့လည်း နာခံပြန်သည်။

"ဟောတော်။ ကြားသားမိုးကြိုး အစောကြီးပါလား"

ရေချိုးခန်းဝင်ရန်ပြင်နေသည့် ဒေါ်အုန်းမေခမျာ စောစောစီးစီး နှိုးသူမရှိပါဘဲ အလျှိုအလျှို သွားတိုက်နေကြသည့် ကလေးနှစ်ယောက်ကြောင့် အံ့ဩသွားရသည်။ ဘေစင်တစ်ခုလုံးကတော့ ပေပွလျှက်။

"ကဲ မြန်မြန်လုပ်ကြ ကလေးတွေ။ ပြီးရင် ကြီးမေ သနပ်ခါးလိမ်းပေးမယ်"

အေးစိမ့်စိမ့်ရာသီဥတုကြောင့် ဒေါ်အုန်းမေ ကလေးနှစ်ယောက်ကို ရေမချိုးစေဘဲ ခပ်မြန်မြန်ပြင်ဆင်ပေးရန်သာ ပြင်လိုက်တော့သည်။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now