(၂)

3.9K 325 23
                                    

မနက်မိုးသောက်​၏ အလင်းရောင်က ပြတင်းတံခါးဆီမှ လှစ်ကာလှစ်ကာ ဖြန့်ကျက်လာသည်။ နွေးနွေးထွေးထွေးအခန်းလေးထဲ ကောင်လေးက နှစ်ခြိုက်စွာအိပ်မောကျနေဆဲ။ ဘေးတစောင်းအိပ်နေရာမှ ကယောင်ကတမ်းဖြင့် အိပ်ရာဘေးကို လက်ကလေးဖြင့်စမ်းနေသည်က တစ်စုံတစ်ခုကိုရှာဖွေနေသည့်နှယ်။

"ခခ"

မျက်လုံးပွင့်ပါပြီဆိုသည်နှင့် မင်းသုခနာမည်ကို ရေရွတ်ရင်း အခန်းတွင်းဝေ့ဝဲကာ ရှာဖွေပြန်​၏။

"ဖေဖေ"

မျက်မှန်ကလေးတက်ရင်း အခန်းတံခါးကိုဖွင့်ကာ ဟိုရှာသည်ရှာလုပ်နေသည့် ကောင်ကလေးက အလိုမကျစွာ ယခုထိ ရှာဖွေနေလေသည်။

"ဟော သားသုလေးနိုးပြီ။ လာ ကြီးမေ မျက်နှာသစ်ပေးမယ်"

"ကြီးမေ ကြီးမေ။"

"ဘာတုန်း သားရဲ့။ အိပ်ချင်သေးလို့လား။"

လက်ကိုတယမ်းယမ်းလုပ်ရင်း ကောင်လေးက ခေါ်နေသည်မို့ အမျိုးသမီးက ကလေးကို ချော့ရန်ဟန်ပြင်လိုက်​၏။

"ခခလေးရော။"

"ရှိပါ့တော်။ သူ့မေမေ ထမင်းခွံ့နေတယ်သားရဲ့။ အောက်ထပ်မှာ။"

"ဪ တော်သေးတယ်။"

"ဘာဖြစ်လို့တုန်း။"

"သားက ခခလေး မရှိတော့ဘူးထင်နေတာ။"

ထိုအခါမှအိမ်အကူအမျိုးသမီးလက်ကိုဆွဲကာ ရေချိုးခန်းဆီ အသာတကြည်လိုက်လာသည့်ကောင်ကလေးရယ်ပါ။

"ကြီးမေ ဒီနေ့ ကျောင်းသွားရမှာလား။"

ကျောင်းသွားရမည့်နေ့များကို အထူးတလည် ရွေးချယ်သဘောကျတတ်သည့် ကောင်ကလေးက ဤကဲ့သို့မေးခွန်းမေးလေသည်မို့ အမျိုးသမီးခမျာ အံ့အားသင့်နေမိသည်။

"သားသုက ကျောင်းတက်ချင်တာဆို။ ဒီနေ့ကျ ကျောင်းမသွားချင်တော့ဘူးလား။"

သွားတိုက်တံကလေးယူကာ မမှီတမှီဖြင့် ဘေစင်လေးပေါ်လက်နှစ်ဖက်တင်ရင်း ခေါင်းငိုက်စိုက်နေသည့် ကောင်ငယ်လေးကြောင့် အမျိုးသမီးကြီးကပြုံးသည်။

"မသွားချင်ရင် မသွားနဲ့လေ သားသုရဲ့။ တစ်ရက်တလေပဲဟာ။ ပြီးရင် ဖေဖေ့ကို ပြောကြည့်ပေါ့။"

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now