(၂၄)

853 95 29
                                    

"ဟုတ်ကဲ့ ဖေဖေ"

"ဖေဖေတို့ဆီပြန်လာပါဦး သားသုရယ်"

အားလပ်ရက် ရသည့်နေ့လေးပင်မို့ ညီအစ်ကိုနှစ်ဦးလုံးအိမ်မှာရှိနေကြသည်။ မင်းသုခကား ထုံးစံအတိုင်း အခန်းတွင်းဖုန်းတစ်လုံး၊ ကွန်ပျူတာတစ်လုံးဖြင့်အလုပ်များနေဆဲ။ သုခက အင်္ဂလိပ်စာမေဂျာယူထားသည့်နည်းတူ social media တွင်လည်း အင်္ဂလိပ်စာနဲ့ပတ်သက်သည့် content တချို့ရေးသေးသည်။ အများကို ဆရာလုပ်ရသည်ကိုနှစ်သက်သည့် သဘာဝအရ သူသိသမျှတို့ကို page မှာတင်ရင်း လူအများ သိချင်သည်ဖြစ်စေ၊ မသိချင်သည်ဖြစ်စေ sharing လုပ်ပေးသေးသည်မလား။ မင်းသုခအိပ်မက်က ကမ္ဘာပေါ်က ဝင်ငွေအကောင်းဆုံး YouTuber တွေထဲက တစ်ယောက်ဖြစ်ဖို့တဲ့။

"ဟဲလို ဖေဖေ"

မည်သည့်အချိန်က ဆင်းလာသည်မသိသော ခခက သုတဆီမှ ဖုန်းကိုဆတ်ခနဲလုကာ ဖခင်ဖြစ်သူကိုချွဲတော့သည်။

"ခခ.... သားငယ်လည်းနော် အဖေ့ဆီ ဖုန်းတစ်ချက်တောင်မဆက်ဘူး"

"ဖေဖေကလည်း ဖုန်းမဆက်ဖြစ်ပေမဲ့စိတ်ထဲမှာအမြဲရှိပါတယ်နော်"

"အပြောပဲ မင်းလည်း"

ခခစကားကြောင့် မင်းသုတကတော့ နှာခေါင်းရှုံ့နေလေရဲ့။

"သား ကိုကိုကြီးကိုအရမ်းမဆိုးနဲ့နော်"

"ဟာ ဖေဖေ။ ကျွန်တော်ဆိုးတယ်လို့ ကိုကိုကြီးတိုင်တာလား"

"မတိုင်ပါဘူးကွာ"

"ကျွန်တော်က လိမ္မာပါတယ်နော်"

"မင်းက မဆိုးလို့လား"

မင်းသုတကကြားဖြတ်ဝင်ပြောလေတော့ ခခဆီမှ မျက်စောင်းဟု မဆိုသာသည့် မကြည်တကြည် အကြည့်လေးက သုတဆီ တန်းလို့။

"အေးပါ။ ခခက လိမ္မာပြီးသားဆိုတာ အဖေသိပါတယ်"

"ဖေဖေ ဖုန်းဆက်တာ ဘာပြောမလို့လဲ"

"ဪ ခခ ကိုကိုကြီးကို ဖုန်းပေးလိုက်ပါဦး"

ဖခင်ဖြစ်သူ​၏ တောင်းဆိုမှုကြောင့် ခခကလက်ထဲမှဖုန်းလေးကို သုတဆီိလွှဲပေးရင်း သုတအနားကပ်ကာ ဖုန်းခိုးနားထောင်လေရဲ့။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Où les histoires vivent. Découvrez maintenant