(၂၂)

788 91 27
                                    

လမ်းမထက်မှ မနက်ခင်း​၏ ဆော်ဩသံများက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။ မြို့ပြ​၏ ထုံးစံအတိုင်း သွားလာနေကြသည့် ယာဉ်များ၊ ထို့အတူ တစ်နေ့တာ အစပြုရန် ပြေးလွှားနေကြသည့် လူသားများဖြင့် ဆူဆူညံလို့။ ညီအစ်ကိုနှစ်ဦး​၏ တိုက်ခန်းလေးကတော့ ပြင်ပနှင့်ဆန့်ကျင်စွာ တိတ်ဆိတ်ငြိမ်သက်လို့နေသည်။

မီးဖိုခန်းအတွင်း စားသောက်ရန်ပြင်ဆင်နေသည့်သူနှင့်အတူ အိမ်ရှေ့ခန်းအတွင်းလည်း ရှင်းလင်းနေသည့်သူနှင့် အိမ်လေးက အလုပ်ရှူပ်လို့နေသည်။ သို့သော် ဆယ်ပေမကျော်သည့်အကွာအဝေးတွင်ပင် တစ်ဦးနှင့်တစ်ဦးမျက်နှာချင်းမဆိုင်မိအောင် ကြိုးစားနေကြသည့်သူတို့နှစ်ဦး။ စကားသံတစ်စိုးတစိပင်မရှိသည့်အခန်းလေးက ပစ္စည်းကိရိယာသံများဖြင့်ခြောက်ကပ်လို့။

"ဟဲလို မင်းသုတပါ"

"ဟုတ်တယ်။ ကျွန်တော် ကြည့်ပေးမယ်။ ဆရာမ ခဏကိုင်ထားဦးနော်"

အဝင်ဖုန်းကောလ်ကိုလက်ခံပြီးသည်နှင့် ခါးမှ အပရွန်ကို ခပ်မြန်မြန်ချွတ်ကာ သုတကအခန်းထဲသုတ်သုတ်ပျာပျာဝင်သွားတော့သည်။ မင်းသုခကတော့ မနက်ခင်းတာဝန်ဖြစ်သည့် အိမ်ရှင်းသည့် တာဝန်ကိုလုပ်ရင်း ကိုကိုကြီးကိုသာ မသိမသာ လိုက်ကြည့်နေမိလေရဲ့။

မီးဖိုခန်းဆီခပ်မြန်မြန်လျှောက်ရင်းအကဲခတ်မိတော့ စားပွဲပေါ်အဆင်သင့် တင်ထားသည့် ဆီချက်ခေါက်ဆွဲနှစ်ပွဲကိုတွေ့လိုက်ရသည်မို့ မင်းသုခ ပြုံးမိသွားသည်။ ကိုကိုကြီးက ကိုကိုကြီးပါပဲ။

"စိတ်ဆိုးနေတယ်လည်းပြောသေးတယ်၊ မုန့်ကျတော့နှစ်ယောက်စာပြင်ပေးသား"

တစ်ဦးတည်းကျေနပ်စွာရေရွတ်ရင်းအချက်ပေးနေသည့်အစာအိမ်ကြောင့်ဆီချက်ပန်းကန်ကိုအနားဆွဲယူပစ်လိုက်သည်။ ဘေးမှာလည်း ပန်းသ်ီးဖျော်ရည်လေးက အဆင်သင့်ရှိနေတော့ သုခ မနေနိုင်တော့။

"ဟုတ်တယ်။ ကျွန်တော်မနေ့ကတော့ပြောထားခဲ့တယ်။ ဆရာမတစ်ချက်စစ်ပေးပါလား။ ပေးစရာရှိတာလည်းအကုန်ပေးထားပြီးသားဆိုတော့လေ"

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now