(၁၃)

1.5K 132 11
                                    

ရန်ကုန်မြို့ကြီးတွင် မြင်မြင်သမျှကား သစ်လွင်လို့နေ​၏။ သူတို့ ငယ်စဉ်ကလေးဘဝ အလည်ရောက်ဖူးစဉ်ကနှင့်ပင်မတူညီ။ ညီညာဖြောင့်ဖြူးနေသော လမ်းမကြီးများ၊ မှန်အလုံပိတ်ဖြင့် အေးစိမ့်နေသော ဘက်စ်ကားများ။ ထို့အတူ မြင်မြင်သမျှ လှပနေသော အမျိုးသမီးလေးများက တိုးတက်နေသော မြို့ကြီးနှင့်ပနံကျလို့နေသည်။

"တီ တီ"

မနက်စောစောတွင်ပင် ကားများဝီခေါ်အောင် ရှုပ်နေသော ကန်တော်ကြီးပတ်လမ်းတွင် ကောင်လေးတစ်ဦး နားကြပ်ကလေးတပ်ကာ အေးအေးလူလူဖြင့် စက်ဘီးလေးတွန်းကာလမ်းလျှောက်လို့နေသည်။

လေအဝှေ့တွင်ပါလာသည့် လတ်လတ်ဆတ်ဆတ်လေလေးကို ရှူရှိုက်ရင်း ကောင်လေးက ခပ်သွက်သွက်လျှောက်နေသည်။ မျက်လုံးဝိုင်းကလေးများက တက်ကြွနေသည့်နှယ် အရည်လဲ့လို့နေ​၏။

"ဟဲလို"

"ဘယ်မှာလဲ။ ပြန်မလာသေးဘူးလား"

တစ်ဖက်က စကားသံကြောင့် ကောင်လေးက နာရီကိုတစ်ချက်ကြည့်သည်။ ထို့နောက် ချွေးပင်မစိုသေးသည် ဆံပင် ခပ်အုပ်အုပ်ကလေးကို လက်ဖြင့်ထိုးဖွလိုက်သည်။ သက်ပြင်းရှည်ကြီးတစ်ခုကိုဆွဲရင်း....

"ဘာဖြစ်ပြန်ပြီလဲဗျာ။  ကျွန်တော် ခုမှ"

" ခု ပြန်ခဲ့တော့"

စကားမဆုံးခင်ပင် ဖုန်းချသွားသည့် တစ်ဖက်လူကြောင့် ကောင်လေးက အောင့်သီးအောင့်သက်ဖြစ်သွားပုံရသည်။

"ဘာတဲ့လဲ"

"ပြန်ခဲ့တဲ့"

"သွေးတောင်မပူသေးတာကို"

အခုကာမှ အနောက်မှမှီိလာသည့် သူငယ်ချင်းက သူ့အခြေအနေကိုရိပ်မိသွားပုံပေါ်​၏။ ဖြစ်ကြောင်းကုန်စင်နားထောင်ပြီး ခေါင်းတခါခါဖြင့်သာ။

"မနက်ဖြန်ကျမှတွေ့မယ်ကွာ။ ခုတော့ပြန်လိုက်ဦးမယ်။ တော်ကြာ စိတ်ပူနေမှာ"

"အေးပါ။ ပြန် ပြန်။ တာ့တာ"

သူငယ်ချင်းဖြစ်သူကို နှုတ်ဆက်ပြီး သူစက်ဘီးလေးမှန်မှန်နင်းကာ အိမ်သို့ပြန်ခဲ့လိုက်တော့သည်။ ရန်ကုန်မြို့​၏ ကားပိတ်နည်းကတော့ စံချိုးလောက်သည်။ ကိုယ်တိုင်ပင် စက်ဘီးနှင့်မို့တော်သေးသည်မလား။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now