(၁၂)

1.4K 145 18
                                    

"သား မင်း သွားရတော့မဲ့ကိစ္စ ခခကိုပြောပြီးပြီလား"

ထမင်းစားပွဲဝိုင်းလေးတွင် သုတနှင့် ဦးမင်းအောင် နှစ်ဦးသား စကားဝိုင်းဖွဲ့နေကြခြင်းဖြစ်သည်။ ခခကတော့ ဒေါ်သက်ထားနှင့်တစ်နေရာလိုက်သွားသည်ဟုဆို​၏။ သုတနိုးကတည်းက မတွေ့ရသေးပေ။

"မပြောရသေးဘူး ဖေဖေ"

"မနက်ဖြန်ပဲသွားရတော့မှာကို။ ညီလေးကိုကြိုပြော သား။ ခခက ဆိုးတယ်။ သူ့ကို နိုင်တာ မင်းပဲရှိတာ။ သူ့အမေစကားလည်း နားထောင်တာမဟုတ်ဘူး"

ဘာလိုလိုနှင့် မနက်ဖြန်ဆိုလျှင် မင်းသုတဘော်ဒါသွားရတော့မည်။ သူတို့မြို့​၏ ထုံးစံဟုသာဆိုကြပါတော့။ တော့ပ်တန်းဝင်နိုင်သည့် ကျောင်းသားများကို ကမ့်သွင်းကာ အထူးကြပ်မတ်ကြမြဲ။ ထိပ်တန်းစာရင်းဝင် မင်းသုတက ဤမြို့လေး​၏ ဂုဏ်ဆောင်နိုင်မည်ဟု သတ်မှတ်ကြ၍ မဖြစ်မနေသွားရမည်မို့ မင်းသုတအနေနဲ့လည်း မငြင်းသာ။ အမှန်အတိုင်းဆိုလျှင် သုတကိုယ်တိုင် ညီငယ်လေးကို ခွဲချင်ပုံမပေါ်ပေ။

"ကျွန်တော်သေချာမှာခဲ့မှာပါ။ ဖေဖေလည်း ခခကို တအားမဆူပါနဲ့။ ခခက ချော့ပြောရင်ရပါတယ်"

"မင့်အမေကိုသာပြော။ အဖေက မဆူဘူး"

ဦးမင်းအောင်ခမျာ ပြောပြီးမှ စကားကို အရှိန်သတ်လိုက်ရပုံပေါ်​၏။ သုတက ခုချိန်ထိ ခခကွယ်ရာဆို "အမေ" ဟု အရောတဝင်မခေါ်နိုင်သေးဘူးမလား။

"ကိုကိုကြီး"

"ဟော အမွှေစိန်။ ဘာတွေဝယ်လာလဲ"

"ဖေဖေကလည်း သားကိုပဲပြောနေတာပဲ"

အိမ်ပေါက်ဝမှ အထုပ်ကြီးငယ်ဖြင့်ပြန်လာသော ခခက ဖအေ့စကားကြောင့် နှုတ်ခမ်းကိုစူခနဲ။ ဒါများလူပျိုဖြစ်ချင်နေသေးတယ်လို့ သုတ တေဃးကောင်းတွေးနေနိုင်ရဲ့လေ။

"ကိုကိုကြီး"

"အင်း ခခ"

"စားပြီးရင် အခန်းထဲလာခဲ့ဦး။ ကြွားစရာရှိတယ်။ ဟဲဟဲ"

လှေကားရင်းမှနေရင်း မျက်စပစ်ကာပြောနေသည့် မင်းသုခပါပဲ။ ဦးမင်းအောင်နဲ့ဒေါ်သက်ထားတို့ကတော့ ခပ်ပြုံးပြုံးသာ ကြည့်နေနိုင်တော့သည်။ ခခက သူဘာဝယ်လာလာ သုတကိုအရင်ဆုံး ပြရမှကျေနပ်သည့်အကျင့်ကလေးကရှိနေတာကိုး။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now