(၁၀)

1.9K 180 19
                                    

"ခခ ထတော့"

တုန့်ပြန်သံမရှိသောအခန်းလေးထဲ မင်းသုတတစ်ယောက်တိုင်ပတ်နေသည်မှာ နာရီဝက်နီးပါးရှိတော့မည်။ သည်ကနေ့တော့ ကောင်လေးကို သူနှင့်အတူတူ ကျောင်းခေါ်သွားရမည့်နေ့မလား။ ဘာလိုလိုနှင့် မင်းသုခပင် အလယ်တန်းကျောင်းသားကြီိး ဖြစ်ခဲ့ပြီ။

မင်းသုတ ကျောင်းသွားချိန်နှင့် သုခ ကျူရှင်ချိန်တို့ တူသည့်ရက်က တစ်ပတ်တွင် နှစ်ရက်သာရှိ​၏။ မနက်ပိုင်း ကျောင်းတက်ရသည့် သုတက သုခကို ကျူရှင်သို့ ဝင်ပို့ခဲ့ပြီးမှသာ ကျောင်းသွားလေ့ရှိသည်မလား။ ကျန်ရက်များတွင်တော့ ဦးမင်းအောင် ကိုယ်တိုင် ခခကို ကျောင်းပို့ပေးသည်။

"မင်းသုခရေ မင်းထလိုက်ပါတော့ကွာ"

ဆောင်းတွင်း​၏ အအေးဓာတ်ကိုအခွင့်ကောင်းယူပြီး အစွမ်းကုန်ကွေးနေလေသော သုခ။ အနည်းငယ်ရှည်လာသော အရပ်အမောင်းကိုပင် အားမနာ။
ပုစွန်ထုပ်လေးသဖွယ် စောင်ပုံကြားထဲ မြုပ်လို့။

"ရာဇာသုခရေ မင်း မထတော့ဘူးလား"

မင်းသုတစကားအဆုံး ကုန်းရုံးထလာသည့် ကောင်ငယ်လေးက အိပ်မှုန်စုံမြွှား ဖြစ်လင့်ကစား တမင်တကာလုပ်ထားသည့် မကြည်မသာ မျက်နှာကလေးဖြင့်။

"ရာဇာနေဝင်းနဲ့မယှဉ်နဲ့လို့ပြောထားတယ်လေ"

"ဟောဗျာ သူကပဲ ကြီးကြီးကျယ်ကျယ်။ ဟိုကကြားရင် တက်သေနေပါဦးမယ် ကိုသုခရဲ့"

ထုံးစံအတိုင်း မင်းသုခတစ်ယောက် မကြည်မသာဖြင့်ရေချိုးခန်းထဲဝင်သွားသည်ကိုကြည့်ရင်း သုတပြုံးမိ​၏။ နွေရာသီိတွင် ကြီးမေနှင့် ဆံသဆိုင်သို့ သွားခိုင်းလိုက်မိသည်က သူ့အမှားဟုသာ ဆိုကြပါစို့။ ကောင်လေးကို ညှပ်ပေးလိုက်သည်က ရာဇာနေဝင်းကေ တဖြစ်လည်း အုန်းမုန့်ခွက်ကေ ကလေးနှင့်။ ယခုအခါ အနည်းငယ်ရှည်စပြုလာသော်လည်း အုန်းမုန့်ခွက်ကတော့ ပုံစံမပျက်ရှိနေဆဲ။

"ခခ အေးတယ်နော်။ မြန်မြန်ချိုး"

"သားသု"

"ဟုတ် ကြီးမေ"

"ဒီမှာ"

ဒေါ်အုန်းမေက ခခ လွယ်အိတ်ကလေးကို ကိုင်ကာ မင်းသုတကို တစ်ခုခုပြောချင်နေပုံရ​၏။ ဤသည်မှာလည်း ထူးဆန်းသည့်အရာတော့မဟုတ်လှ။ ပွေလီလှသောမင်းသုခက တစ်စုံတစ်ခု အလွဲလွဲအမှားမှားကတော့ လုပ်တတ်မြဲဆိုတော့။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Tempat cerita menjadi hidup. Temukan sekarang