(၁၉)

931 88 21
                                    

"ဟဲလို အကြည် ပြော"

မနက်စောစော ဆိုင်မှဖုန်းဝင်လာသည်မို့မင်းသုတ ခပ်မြန်မြန်ကိုင်လိုက်ခြင်းသာ။

"သုတ နင့်ဧည့်သည်တဲ့"

"ဟမ် ဘယ်ကလဲ"

"မိုးသွင်လို့ပြောတယ်"

တစ်ဖက်ဖုန်းမှ အမည်နာမကြောင့်သုတတွေသွားသည်။ ခခသာ ဤကိစ္စသိသွားလျှင် မင်းသုတ ပြသနာတစ်ရပ်ရှင်းလင်းရဦးမည်မို့...

"အေး ခဏစောင့်ခိုင်းပေးပါဦးဟာ။ ငါ ခု ထွက်ခဲ့မယ်"

မိုးလင်းလင်းချင်း ပြာယာခတ်နေရသည့် သုတကိုကြည့်ရင်း ခခအမြင်မကြည်ချင်တောါ။

"ကိုကိုကြီး ဘာနေပြာယာခတ်နေတာလဲ"

"ဆိုင်မှာ အရေးကြီးလို့ ခခ။ ဒီနေ့ကျောင်း ကိုယ့်ဘာသာသွားလို့ ဖြစ်မလား"

သုတလိုက်မပို့နိုင်ကြောင်းပြောတော့ ခခမျက်နှာကွက်ခနဲပျက်သည်။ အမြဲတစေ ကြိုပို့နေကျမို့ ...

"ဆိုင်မှာ မကြည် ရှိတယ်မလား"

မကျေမချမ်းထွက်လာသည့်စကားသံတို့က မင်းသုခ စိတ်အလိုမကျဖြစ်မှုကိုအတိုင်းသားဖော်ပြနေလေသည်။

"အကြည်ရှိလည်း ကိုကြီးသွားမှဖြစ်မဲ့ကိစ္စမလို့ပါ ခခရာ။ ညီလေးက လိမ္မာတယ်။ ဒီနေ့တော့ ကိုယ့်ဟာကိုယ်သွားလိုက်တော့နော်"

စကားစဖြတ်ကာ ခပ်သွက်သွက်ထွက်လာသည့် မင်းသုတရင်ထဲတော့ရတက်မအေးလှ။ ခခက မိုးသွင်နှင့်အဆက်အသွယ်လုပ်သည်ကိုသဘောမကျ။ ပိုဆိုးသည်က မိုးသွင် ဂေးတစ်ယောက်ဖြစ်နေသည်မို့ ရှောင်ရမည်ဟုပါပြောထားသည်မလား။ အတောင်အလက်စုံလင်စွာ အရွယ်ရောက်နေဆဲ ညီိလေးကို စိတ်အခန့်မသင့်စေနိုင်သည့် မည်သည့်ကိစ္စမျိုးမဆို မင်းသုတ ရှောင်ကြဉ်ရမည်ဟုသာ တွေးမှတ်ထားသည်။

"ဟော လာပါပြီ ဟိုမှာ"

ပြတင်းပေါက်ကပ်လျက် စားပွဲဝိုင်းလေးတွင် ထိုင်နေကြသည့်အကြည်နှင့်မိုးသွင်။ မိုးသွင်ကား ယမန်နေ့ကတွေ့ရသည့် ပုံစံနှင့်ကွဲလွဲစွာ ရှပ်အင်္ကျီအဖြူကလေးနှင့် ပုဆိုးလေးကို ကျကျနနဝတ်စားလာသည်မို့ လူရည်သန့်လေးအသွင်ဆောင်နေလေတော့သည်။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Tahanan ng mga kuwento. Tumuklas ngayon