(၁၅)

1.9K 127 9
                                    

ပြတင်းတံခါးမှ မာကျူရီိမီးရောင်လေးက လိုက်ကာကိုအံတုကာ အခန်းတွင်းကျူးကျော်ဝင်ရောက်နေသည်။ မနက်သုံးနာရီခွဲဟူသည့် အချိန်ကား ဆိုင်သူအဖို့ စောလွန်းနေသေးသည့်အချိန်ဖြစ်လင့်ကစား အိပ်မပျော်နိုင်သော စိတ်အစဉ်အတွက်တော့ မပြောပလောက်သည့်အချိန်လေလား။

မာကျူရီိမီးရောင်ပျပျအောက် တိတ်ဆိတ်နေသည့်အခန်းလေးက ဖျော့တော့စွာ၊ လိုက်ကာဖြူလွလွလေးက လေတိုးလေတိုင်း ယိမ်းလို့။ ပြတင်းပေါက်နားကစားပွဲလေးပေါ်မှာတော့ဟိုတစ်စ သည်တစ်စပြန့်ကျဲနေသည့် ဓာတ်ပုံအချို့ရှိနေလေရဲ့။

ဓာတ်ပုံလေးထဲမှာတော့ ပြုံးပျော်နေခဲ့ကြသည့် သူတို့ညီအစ်ကိုနှစ်ဦးပုံရိပ်များ။ အထူးသဖြင့် ခခ သူတို့အိမ်သို့စရောက်သည့်နေ့က ပုံများဆိုလျှင်လည်းမမှားပေ။ နံဘေးမှာတော့ စာအိတ်ကလေးတစ်အိတ်ရှိနေခဲ့လေရဲ့။

"အောက်အီးအီးအွတ်"

အချိန်မဟုတ်အခါမဟုတ် မြည်တွန်လာသည့် အသံကြောင့် အိပ်ရာပေါ်မှ ပုံရိပ်လေး လူးလွန့်လာသည်။

"ဟူး"

စိုးရိမ်မှုအလုံးစုံအတွက် သက်ပြင်းရှည်ကြီးက မစွမ်းသာသည်ကို သိသည့်တိုင် စိတ်ထွက်ပေါက်လေးဖြစ်လိုဖြစ်ငြား ဖန်တီးမိခြင်းဟုသာဆိုကြပါတော့။

"သားသု"

"လာပြီ ကြီးမေ"

မတိုးမကျယ်တံခါးခေါက်သံအဆုံးအတွေးစတို့ကိုရပ်ကာ မင်းသုတ ကပျာကယာ တံခါးဖွင့်ပေးရတော့သည်။

"ကြီးမေက ပြင်လို့တောင်ပြီးပြီလား။ ကားက ကိုးနာရီမှဆို"

"မောင်ဇော်ကို ခြောက်ခွဲခေါ်ထားလို့ သားသုရဲ့။ ခဏနေရောက်တော့မယ်ပြောတယ်"

​ဒေါ်အုန်းမေစကားကြောင့် မင်းသုတ နာရီကို စူးစမ်းစွာကြည့်သည်။ မနက်ခြောက်နာရီိဟူသောအချိန်က သူ့ကိုလှောင်ပြောင်နေသည့်နှယ်။ အတွေးထဲနစ်မွန်းနေခဲ့သည်မှာ ပတ်ဝန်းကျင်က အလင်းရောင်က်ုပင်သတိမမူမိသည် အထိတဲ့။

"ကြီးမေ ခခကို နှိုးပေးရမလား"

"နေ နေ။ ကာလနဂါးလေးက အစောကြီး နှိုးလို့ ဂျီကျနေဦးမယ်"

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now