(၁၈)

1K 94 12
                                    

ဒီိဇင်ဘာလ။ မိုးတဖွဲဖွဲကျနေသည့် ဆောင်းမကျ၊ မိုးမကျရာသီဥတုက ချမ်းစိမ့်လို့နေသည်။ ပြည်လမ်းတလျှောက် ကားများပြည့်ကျပ်လို့။ တချို့ကမြန်မြန်၊ တချို့ကနှေးနှေး။ ဦးတည်ရာလမ်းကြောင်း​၏ အတိမ်အနက်ပေါ်မူတည်ပြီး အရှိန်တွေလည်း မတူညီကြတော့ပေ။

"ကိုကိုကြီး ကျွန်တော် မိုက်တယ်မလား"

ဘေးမှထိုင်ရင်း မှန်တကြည့်ကြည့်ဖြင့်ခခက သည်နေ့ တက္ကသိုလ်စတက်ရမည်။ ပထမနှစ်ကျောင်းသားကြီးဖြစ်သွားသည့် မင်းသုခက အခုတော့လည်း အမှန်ပင် လူကြီးလေးဖြစ်လာကြောင်းတော့ သုတလက်ခံလိုက်ရသည်မလား။

"ခခ ငယ်ငယ်ကလို ရန်ခဏ ခဏဖြစ်လို့တော့မရဘူးနော်။ ငယ်ငယ်က ရုံးခန်းထဲရောက်ရုံလောက်ပေမဲ့ ခုကျ ကျောင်းထုတ်ခံရတဲ့ထိဖြစ်နိုင်တယ်။ မင်းငယ်ငယ်က ကိုကိုကြီးတို့က နယ်ခံတွေမလို့လိုက်ရှင်းပေးနိုင်တာ၊ ကျောင်းအုပ်ကအစရင်းနှီးနေတော့လေ။ ဒီမှာကျ လိုက်ရှင်းပေးလို့မရဘူး။ ဆိုးဆိုးဝါးဝါး မှင်နီပါတားခံရရင် မင်း ဘယ်ကျောင်းမှ တက်လို့ရမှာမဟုတ်တော့ဘူး။ ပြောရရင် ဘွဲ့ရမှာကိုမဟုတ်တော့တာ။ သိလား ခခ"

ကားမောင်းရင်းတစ်ဖက်ပြောနေရသည်မို့ မင်းသုတခမျာ အလုပ်နှစ်ခုတစ်ပြိုင်တည်းလုပ်နေရသည်မလား။ သုတကသာ တတွတ်တွတ်ပြောနေတာ။ ခခကား တုပ်တုပ်မလှုပ်။

"ခခ ကိုကိုကြီး ပြောတာ ကြားလား"

သုတစိတ်မရှည်စွာအော်လေတော့မှ မင်းသုခဆီက ဟီးခနဲ အသံထွက်လာသည်။ ခေတ်စကားဖြင့်ပြောရလျှင် ပွမ်နေသည့် သုတကို ဗီဒီယိုခိုးရိုက်ရင်း စနောက်နေသည့် ခခပါပဲ။

"ခခ အတည်ပြောနေတာကို မပြောင်နဲ့။ မင်း ဘွဲ့မရမှာမကြောက်ဘူးလား"

"မကြောက်ပါဘူး။ ကိုကိုကြီးတစ်ယောက်လုံးရှိတာပဲ။ ကိုကိုကြီး ကျွန်တော့်ကို စောင့်ရှောက်ရမှာပေါ့။ ဟီိးဟီိး"

"အေး လုပ်ထား"

"စတာပါဗျာ။ ကိုကိုကြီးရဲ့ဩဝါဒတွေကိုမှတ်တမ်းတင်ထားတာ။ သတိရတိုင်းနားထောင်ရအောင်"

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now