(၆)

2.1K 219 18
                                    

ပတ်ဝန်းကျင်တစ်ဝိုက်တွင် ဆီးနှင်းတို့က ဝေ့ဝေ့ဝဲဝဲကျနေသည်။ ဝေ့ဝိုက်နေသည့် ဆီးနှင်းတို့က ရှမ်းတောင်တန်းတို့​၏ အလှအပကိုပိုမို အားပြုပေးနေသည့်နှယ်။ တောင်ယာလုပ်ကိုင်သည့် သူတို့က အရောင်းအဝယ်ကိစ္စတို့ကို အကြောင်းပြုကာ ထော်လာဂျီိသံ၊ ဆိုင်ကယ်သံ တညံညံဖြင့် မြို့ပေါ်တက်လာကြသည်။ အနွေးဓာတ်ကိုယ်စီ၊ ခေါင်းပေါင်းကိုယ်စီဖြင့်။

ထိုသို့သောအချိန်မျိုးတွင် တောင်ပေါ်လမ်းတစ်လျှောက် စက်ဘီးကိုယ်စီိဖြင့် တက်တက်ကြွကြွသွားလာလှုပ်ရှားနေကြသည့်အဖြူအစိမ်းဝတ် ကလေးများ။ နွေရာသီတွင် တိတ်ဆိတ်နေခဲ့သည့် တောင်ပေါ်လမ်းကလေးက ယခုတော့ ဆီးနှင်းများအကြား သူ့ထက်ငါအပြိုင် စနောက်သံတို့ဖြင့် အသက်ဝင်နေလေတော့သည်။

"ထတော့။ ထတော့ဆို။ အခုမထရင် ကိုက်ဆွဲမှာနော်"

လမ်းလေးအတွင်းရှိနှစ်ထပ်တိုက်ကြီးဆီမှ အသံခပ်စူးစူးလေးက အနီးအနားသို့ပျံ့လွင့်လာသည်။

"ခဏလေးပဲ"

အသံကား အိမ်ကြီး​၏ အပေါ်ထပ်၊ အိပ်ခန်းအတွင်းမှလာခြင်းဖြစ်​၏။ နှစ်ယောက်အိပ်ကုတင်ပေါ်တွင် ခပ်ရွယ်ရွယ်ကောင်လေးတစ်ဦးက အပူအပင်မရှိ၊ ဂွမ်းစောင်အထူကြီးကို ခေါင်းအထိဆွဲခြုံကာ အိပ်မောကျနေ​လေသည်။

"ထပါတော့ဆို။ ဟိုမှာ သူများတွေကျောင်းသွားကုန်ပြီလို့"

ဂွမ်းစောင်ကြီိးကို မနိုင်မနင်းဆွဲရင်း အိပ်ယာနှိုးနေသည့် ကောင်ငယ်လေး။ မျက်လုံးဝိုင်းကလေးများက အားထုတ်နေမှုကြောင့် အရည်လဲ့လို့။

"ပြောနေတယ်နော်။ ထမလား မထဘူးလား မင်းသုတ"

"ဘာ"

ယခုကာမှ စောင်ကို ကမူးရှူးထိုးဖယ်ရင်း ကောင်လေးကို လိုက်ဖမ်းနေသည့် မင်းသုတ။

"ကိုကိုကြီး အရူး။ ဘလာ ဘလာ"

မျက်မှန်မပါလျှင် မမြင်ရသည်က မင်းသုတ​၏ အားနည်းချက်။ ဤသည်ကို အသေအချာသိသည့် သုခက စားပွဲပေါ်မှ မျက်မှန်ကိုယူကာ အောက်ထပ်သို့ပြေးဆင်းသွားတော့သည်။ အတော်လေး တတ်နိုင်သည့် သုခပါပဲ။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now