(၂၅)

867 95 38
                                    

ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်။

စာကြည့်တိုက်ရှေ့ အပင်အောက်တွင် ဟိုဟိုသည်သည် လူစုစုက ကွက်ကြားကလေး။ တစ်ချက်တစ်ချက် အုပ်စုဖွဲ့ရယ်မောသံကလွဲလို့ အရာရာက တိတ်ဆိတ်လို့နေ​၏။ စာမေးပွဲရက်နီးကပ်လာပြီမို့ ကျောင်းဝန်းထဲ ကျောင်းသားအနည်းငယ်သာရှိတော့သည်ကလည်း တက္ကသိုလ်​၏ ထုံးစံပင်။ ကိုယ်ပိုင်စာကျက်ချိန်ပေးထား၍ အများစုက အိမ်မှာသာ ကျက်ကြသည်၊ တချို့ကလည်း လူစု၍ တစ်နေရာတွင်ချိန်းကာ စာဖလှယ်ကြသည်။ သုခတို့နှစ်ဦးကတော့ ကျောင်းကိုသာလာနေကြဆဲ။

"စာတွေရပြီိလား ခခ"

"ဒီလိုပါပဲကွာ"

ချိန်းဆိုထားသည့်နေရာသို့ရောက်လာသည့်တိုင် စိတ်နဲ့လူနဲ့မကပ်သည့် မင်းသုခကတော့ မျက်နှာမကောင်းလှပေ။

"မင်းကြည့်ရတာမအီမသာကြီး။ အီးတစ်နေတဲ့အခွက်နဲ့။ ဘာဖြစ်နေတာလဲ"

မင်းခန့်က မအီမသာဖြစ်နေပုံရသည့်သုခကိုတစ်ချက်စူးစမ်းရင်းမေးငေါ့သည်။ အမှန်လည်းအမြဲတစေ ရွှတ်နောက်နောက်နေတတ်သည့်ခခက သည်နေ့မှ မှိုင်တွေနေသည်မလား။

"မင်းခန့်"

"ပြော"

"တစ်နေရာလစ်ရအောင်"

"ဟေ့ကောင် စာမေးပွဲနီးနေပြီနော်"

"ဆယ်ရက်လောက်လိုပါသေးတယ်ကွာ။ စာတွေက အကုန်စုပြီးသားပဲကို"

"ခခ မင်း ကိုသုနဲ့ရန်ဖြစ်လာပြန်ပြီလား"

"မဟုတ်ပါဘူး။ လာပါကွာ။ နော်။ ဒီတစ်ရက်ပဲ"

မင်းသုခကို ကြိတ်မှိတ်ကာ စာလုပ်ခိုင်းလျှင်လည်း စာထဲစိတ်မရောက်ပဲ မျောက်မှိုင်သာမှိုင်နေမည်ကိုလည်း မင်းခန့်အသိဆုံးပေမို့....

"အေးကွာ။ ဘယ်သွားမှာလဲ"

"ကော်ဖီဆိုင်တစ်ဆိုင်ဆိုင်သွားရအောင်"

"မင်းဖြင့်ကော်ဖီမသောက်ပဲနဲ့"

"ကော်ဖီဆိုင်ထိုင်ချင်လို့ကွာ"

"အဲ့ဒါများ။ မင်းအစ်ကိုဆိုင်ပဲသွားမယ်လေ"

မင်းခန့်စကားကြောင့် သုခကတုန့်ခနဲ။ ခါးခါးသီးသီးဖြင့်...

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now