(၁၁)

1.5K 161 7
                                    

"သုတ သုတ"

အတန်းတစ်ချိန်နားစဉ်တွင် မင်းသုတအမည်ကို အော်၍ အသည်းအသန်ပြေးလွှားလာသော မော်နီတာကြောင့်တစ်ခန်းလုံး ပျာပျာသလဲဖြစ်သွားရ​၏။

"မင်းသုတ"

"ဘာဖြစ်လို့လဲ"

"မင့်ညီ"

"ခခ။ ခခဘာဖြစ်လို့လဲ။ ဟမ်"

မော်နီိတာဖြစ်သူ​၏ ထိတ်ထိတ်ပျာပျာစကား​ကြောင့် မင်းသုတရင်ထဲဗလောင်ဆူနေသည်။ သုခသာတစ်စုံတစ်ခုဖြစ်လျှင် သူခံစားနိုင်မည်မဟုတ်ဘူးမလား။

"ကျူရှင်မှာရန်ဖြစ်တာတဲ့။ ခု ဆေးရုံရောက်နေပြီပြောတယ်"

မင်းသုတခမျာ ကြားရသည့်စကားကိုပင် ဆုံးခန်းတိုင်အောင်နားမထောင်ဝံ့တော့။ အတန်းပိုင်ဆရာမဆီခွင့်တောင်းကာ သုခရှိရာဆီသာ သုတ်ချေတင်လေတော့သည်။

မင်းသုခ ကျူရှင်ရှိရာ အိမ်သို့ စက်ဘီးကို မမှောက်ရုံတမယ်နင်းနေရှာသည့် မင်းသုတ။ အိမ်လေးတွင်တော့ ခြံစောင့်ဦးလေးကြီးမှလွဲ၍ လူရိပ်လူခြေ ကင်းမဲ့လို့နေသည်။

ထို ဦးလေးကြီးညွှန်လိုက်သည့် ဆေးရုံဆီသို့လည်း မမောပန်းနိုင်စွာ နင်းပြန်သည်။ ညီလေးအတွက်ဇောပါပဲ။

"ခခ။ မင်းသုခ"

"သား ဘယ်သူ့ရှာလဲ"

"ဆရာ ဆရာ။ အဖြူအစိမ်းနဲ့ အလယ်တန်းကျောင်းသားလေ။ ဆံပင်က ရာဇာနေဝင်းကေနဲ့လေ။ အဲ့ဒါ ကျွန်တော့်ညီလေးပါ။ ကျွန်တော့်ညီလေး ခု ဘယ်မှာရှိလဲ သိလားဗျ။ ကျွန်တော် စိတ်ပူလို့ပါ"

အမောဖောက်မတတ် ပြောနေရှာတဲ့မင်းသုတကိုကြည့်ရင်း ဆရာဝန်များက ပြုံးလို့နေသည်။ သူတို့စိတ်ထဲ သည်ကောင်လေးက အစ်ကိုကြီးပီသလိုက်တာဟုများ တွေးနေလေမည်လား။ မပြောတတ်ပေ။

"သား စိတ်အေးအေးထား။ သားပြောတဲ့ကလေးတွေအဆင်ပြေတယ်နော်။ လာ ဆရာ့နောက်လိုက်ခဲ့"

ဆရာဝန်ကြီးဦ်းဆောင်မှုဖြင့် လိုက်လာခဲ့ရသော်လည်းရတက်မအေးသည့် အမူအရာတို့က သုတ​၏ မျက်နှာ နုနုပေါ်တွင်အထင်းသားပေါ်လွင်လို့နေသည်။ ကောင်လေးက အစိုးရိမ်ကြီိးတတ်ပုံပါပဲ။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now