(၁၄)

1.6K 138 4
                                    

မနက်​ဝေလီဝေလင်းအချိန်ဖြစ်သည်။ မြို့ကြီးပြကြီးတို့​၏ ထုံးစံအရ မနက် (၆) နာရီမတိုင်ခင်တွင် အရာရာဟာတိတ်ဆိတ်လို့နေ​၏။

"ပဲပြုတ်"

ရံဖန်ရံခါ စောစီးစွာရောက်လာတတ်သည့်ဈေးသည်အချို့ကတော့ မြို့ပြ​၏ လမ်းမများထက်ရုန်းကန်လို့နေနှင့်ကြပြီ။

အိမ်လေးထဲမှာတော့ တရွေ့ရွေ့လှုပ်ရှားနေသည့် ပုံရိပ်လေးက အပေါ်ထပ်၊ အောက်ထပ်နေရာစုံစွာ။ မနက်ဆိုလျှင် ကျင့်သားရနေပြီးသော မျက်လုံးတို့က မည်မျှအိပ်ရေးပျက်ပါစေ၊ မနက်(၅) နာရီိဆိုလျှင်ပင် နှိုးစက်ပေးထားသည့်နှယ်။

ဆယ်တန်းပြီးခါစ တက္ကသိုလ်စတက်ရမည့်အရွယ်ကပင် ဤအိမ်တွင်တစ်ဦးတည်းနေခဲ့ရ၍ မင်းသုတက သူ့ခြေသူ့လက် အကုန် ကျင့်သား
နေခဲ့ပြီ။ ကျောင်းတက်စဉ်တစ်လျှောက် စီးပွားရေးလေးတစ်ခုပါ တစ်ပါတည်းစတင်ခဲ့တော့ ရှိရင်းစွဲအသက်အရွယ်ထက်ပင် ပိုမိုရင့်ကျက်သည့် အမျိုးသားလေးအဖြစ် ကြီးပြင်းခဲ့ပြီမလား။

"ကြီးမေ ဘာလို့အစောကြီးထလာတာလဲ"

သုတ မီးဖိုချောင်ထဲရောက်သည်နှင့် အဆင်သင့်ချက်ပြုတ်ရန်ပြင်ဆင်နေသည့် ဒေါ်အုန်းမေက ဆီးကြိုလေသည်။ အသက်အရွယ်ရလာသည်မို့ သုတ ကြီးမေကို အိပ်ရေးဝဝတော့ အိပ်စေချင်သည်မလား။

"ကျုပ်က တောသူပါတော်။ မင်းတို့ငယ်ငယ်တည်းက ကြီးမေက ဒီလိုပဲ။ အကျင့်ဖြစ်နေပြီ"

"အကျင့်ဖြစ်နေလည်း မရပါဘူး။ ပြန်အိပ်ရမယ်။ ဒီအိမ်က ကျွန်တော့်အိမ်ဖြစ်နေပြီ။ ကြီးမေတာဝန်မရှိဘူး။ လူကြီးက ဧည့်သည်လို အေးအေးဆေးဆေးနေ။ ဟုတ်ပြီလား"

​သုတစကားကြောင့် ဒေါ်အုန်းမေက အားပါးတရပြုံးရှာသည်။ လက်ပွန်းတတည်း အတူမနေလိုက်ရသည့် လေးငါးနှစ်အတွင်း မင်းသုတက အိမ်​၏ စီးပွားရေးပင် ဦးဆောင်နိုင်လောက်သည်အထိ အရွယ်ရောက်သွားခဲ့ပြီတဲ့။

"အဲ့ဒါဆို ကြီးမေ ဘုရားဝတ်ပြုဦးမယ်နော် သားသု"

"အေးအေးဆေးဆေး ဘုရားရှိခိုးနော်။ ဪ ကြီးမေ။ ဘုရားမရှိခိုးခင် ခခကို နှိုးပေးပါလား။ ကျွန်တော် ဒီမှာ မနက်စာပြင်လိုက်ဦးမယ်"

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now