(၃)

2.5K 284 13
                                    

"ကိုအောင် ထားတို့ သားသုကို ဘယ်လိုပြောကြမလဲ"

ဦးမင်းအောင် ဇနီးသည်​၏စကားကြောင့်စဉ်းစားခန်းဖွင့်နေရသည်။ တစ်ပင်လဲမူ တစ်ပင်ထူ ဆိုသော်လည်း ကလေးနှစ်ယောက်ကိုတော့ သူ့အနေနှင့်ညီအစ်ကိုအရင်းကဲ့သို့ဖြစ်စေချင်သည်။ သုခလေးကို သင်၍ရသည်ဆိုသော်လည်း သားကြီးက ယခုတိုင် ဇနီးသည်ကို အန်တီ ဟုသာခေါ်ဆိုနေသေးသည်မို့ သူအခက်တွေ့နေရသည်။

"သားသုက သိတတ်တဲ့အရွယ်ရောက်နေပြီဆိုတော့ လွယ်မှာမဟုတ်ဘူး ထား။"

သူ့စကားကြောင့်ဇနီးသည်က ခေါင်းတညိတ်ညိတ်ဖြင့်။ ပတ်ဝန်းကျင်သည်ပင် ပျော်ရွှင်စရာမိသားစုကလေးအဖြစ်မြင်နေသည်မို့ ဤအခြေအနေလေးကိုသာ ဒေါ်သက်ထား သဘောကျလေသည်။ သားနှစ်ယောက်စလုံးကိုလည်း ရင်နှစ်သည်းခြာ ပမာ ထပ်တူချစ်ခင်သည်မို့။

"ဖြည်းဖြည်းချင်းပြောယူရမှာပေါ့ ကိုအောင်ရယ်။ ဒါနဲ့ သားတို့ရော မတွေ့ပါလား။"

လင်မယားနှစ်ယောက်တိုင်ပင်ရင်း ဒေါ်အုန်းမေကို မေးကြည့်တော့ အပေါ်ထပ်တွင်ရှိနေကြောင်းသိရသည်။ မင်းသုတကြောင့် ခခလေးကို လူကြီးများ ထိန်းကျောင်းရန် သိပ်မလိုတော့။

မင်းသုတ ခမျာ မနက်မိုးလင်းကျောင်းသွားသည်။ ကျောင်းကပြန်လာသည်နှင့် ထမင်းစားပြီိး သုခလေးကို ထိန်းတော့သည်။ နေ့လယ် နေ့ခင်း သုခအိပ်ချိန်ရောက်မှ မင်းသုတက အိမ်စာလုပ်သည်။ ဤကဲ့သို့ဖြင့် မင်းသုတ​၏ တစ်နေ့တာက ကုန်ဆုံးမြဲ။

"သားသု ခခလေးသားဆီမှာလား"

"ဟုတ်တယ် ဖေဖေ"

"ခခကို အောက်မဆင်းစေနဲ့နော်"

ဒေါ်အုန်းမေရှိသော်လည်း ကလေးငယ်လေးဖြစ်သည်မို့ ဦးမင်းအောင် အစိုးရိမ်လွန်စမြဲပေ။

"စိတ်မပူပါနဲ့ ကိုအောင်ရယ်။ သားသုက ကိုအောင့်ထက်တောင် ခခကို စိတ်ပူတတ်သေးတာ။"

ဟုတ်တော့လည်းဟုတ်သည်။ ဤအိမ်သို့ ဒေါ်သက်ထားတို့ပြောင်းလာသည်မှာ ယခုဆိုလျှင်တစ်နှစ်ကျော် နှစ်နှစ်အတွင်းပင် ရောက်တော့မည်။ ဤအတောအတွင်း မင်းသုတကြောင့် ခခငိုသည်ဟူ၍မရှိခဲ့။ ခခကြောင့်သာ မင်းသုတ အနာတရဖြစ်ရစမြဲ။ သာဓကအားဖြင့် ကစားစရာတစ်ခုခုဖြင့် ပစ်ပေါက်သဖြင့် မင်းသုတ အာလူးထသွားခြင်းစသည်တို့ကို ဆိုလိုသည်။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now