(၁၇)

1.1K 106 16
                                    

"ကိုကိုကြီိး Deli လာတယ်"

တိတ်ဆိတ်နေသည့်တိုက်ခန်းလေးက ခခအသံကြောင့်အသက်ဝင်လာသည့်နှယ်။ မီးဖိုချောင်တွင် ဟင်းချက်ရန်ပြင်ဆင်နေသည့် သုတတစ်ယောက် အလန့်တကြားဖြင့်ကပျာကယာပြေးထွက်လာရတော့သည်။

"ကိုကိုကြီး နာမည်နဲ့။ ဘာတွေမှာထားတာလဲ။ မလိုတာတွေမသုံးရဘူးဆို။ ကိုကိုကြီးကျ လျှောက်မှာနေတယ်"

အထုပ်ကလေးကို ခလောက်ကြည့်ရင်း ဩဝါဒချွေနေသည့် မင်းသုခကြောင့် သုတစိတ်မရှည်ချင်တော့။ ဆရာလုပ်တတ်သည့်ဗီဇက ဖခင်ဆီမှပါလာလေသလားဟုတွေးမိပြန်တော့လည်း တစ်ဆက်တည်းဆစ်ခနဲဖြစ်သွားသည့်နှလုံးသား။ ညီလေးက သူနှင့်သွေးမတော်သားမစပ်မလား။

"ကဲ ခခရယ်။ ပေးစမ်းပါ။ မင်းလုပ်နေတာနဲ့ ဟင်းအိုးတူးတော့မယ်"

"ကိုကိုကြီးနော် ကျွန်တော်က တူးရင်မစားဘူး"

"လျှာရှည်ပြန်ပြီ။ ငါသိတယ်။ အထုပ်သာပေး"

အမှန်တော့ သုတ မည်သည့်ပစ္စည်းမှမမှာထား​။ သို့သော် နာမည်နှင့်တကွ အိမ်သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်မို့ သူကိုယ်တိုင်လည်း အံ့ဩနေရသည်လေ။

"ဟင်"

အထုပ်ကလေးကို ကျကျနနဖောက်လိုက်တော့ အထဲမှာတွေ့ရသည်က ကော်ဖီဖျော်စက်နှင့် ကော်ဖီစေ့များ။ ထို့အတူ စာကလေးတစ်စောင်ကပါ တွဲရက်ပါလာသေးသည်။ "ကိုသုအတွက် ကော်ဖီစစ်စစ်။  ကျောင်းရောက်ရင် စောင့်ရှောက်ပေးပါဦး" တဲ့လေ။

"ကိုကိုကြီး ဘယ်သူလဲ"

"ပို့တဲ့သူနာမည်မပါဘူး ခခရဲ့။ ငါလည်းမသိဘူး"

"ဖြစ်နိုင်ပါ့မလား။ လိပ်စာကအစ အတိအကျကြီးကို"

ခခအသံတို့က တဖြည်းဖြည်းမာလာသည်။

"မင်းသုခ ... မင်းအစ်ကိုကို ဘယ်လိုလေသံနဲ့မေးနေတာလဲ"

သုတစကားကြောင့်မင်းသုခချာခနဲလှည့်ထွက်သွားတော့သည်။ သူမတတ်နိုင်ပါ။ တစ်ဆယ့်ခြောက်နှစ်ဟူသည့်အရွယ်က ထိန်းသိမ်းရအခက်ဆုံး အရွယ်ဟု သူတို့သိထားသည်မို့ ညီိလေးကို ယောက်ျားကောင်းတစ်ယောက်ဖြစ်ရန်အခုကတည်းက သွန်သင်ပေးရမည်မလား။

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Where stories live. Discover now