Ep 38

3.4K 353 27
                                    

Unicode

သုသု ကိုငယ်ကို စိတ်ကောက်နေမှန်း ပိုင်ပိုင် သိနေ၏။
မတော်ရသေးတဲ့ သူငယ်ချင်းယောက်ဖလောင်းကို
အကိုတော်အစား ချော့တော်မူခန်း ဝင်ပြီး ကိုယ်ကျိုးအတွက် အမြတ်ထုတ်ရန် စဉ်းစားမိလိုက်သည်။

"သုသု ...."

"ဘာလဲ!"

"ဟာ...လန့်လိုက်တာကွာ ဖြေးဖြေးထူးလည်း ရပါတယ်
မင်းကလည်း.."

သုန်မှုန်နေတဲ့ မျက်နှာနဲ့ Facebook ပွတ်ဆွဲနေတဲ့
သုတမောင်က အဖက်မလုပ်လာ‌ပေ။

"ယောက်ဖကလည်းကွာ စိတ်ညစ်မနေနဲ့ ကိုငယ့်အကြောင်းလဲ သိရဲ့နဲ့...မင်းကိုတော့ သူချစ်ပါတယ်"

ဘာပြဿနာမှန်းမသိပေမဲ့ ကိုငယ်လွန်တာမှန်းသိနေသည်။သုသု့ကတော့
ဘယ်တော့မှ ကိုငယ် စိတ်မကောင်းဖြစ်အောင် လုပ်မဲ့
လူစားမျိုးမဟုတ်ပေ။သူ့ရည်ရွယ်ချက်လေး မပျောက်မပျက်အောင် မေးစရာရှိတာ မေးထားအံုးမှပင်။

"ဟိုလေ ...ဒီတစ်ပတ်ကျောင်းပိတ်ရင် ကိုကိုတို့ရွာသွား
လည်မယ်လေ မင်းလဲ လိုက်ပါလား"

"မလိုက်ဘူး"

"လုပ်ပါကွာ...ငါကိုကို့ကို ပိစိလေးလွမ်းနေလို့ပါ..."

မျက်ဝန်းလေးကို မှေးသထက်မှေးအောင် မှေးပြကာ
လက်ညှိုးနဲ့လက်မကို အဝိုင်းသဏ္ဍန်လုပ် လက်ထိပ်နှစ်ခု ပိစိလေးလုပ်ပြရှာသည်။

"နော်လို့...ငါ့ရဲ့အချစ်ဆုံးနဲ့ တစ်ဦးတည်းသော
သူငယ်ချင်းရွှေယောက်ဖလေးရယ် အန်တီ့ကိုလည်း
ငါပြောပေးပါ့မယ် မင်းလည်း တစ်ခါမှ မရောက်ဖူးဘူးလေ နော်...နော်....နော် ....နော် "

ခန္ဓာကိုယ်အိအိကြီးနဲ့လှုပ်လီလှုပ်လဲ့ ချွဲပြနေသော
ဖက်တီးပိုင်ကို ငြင်းနေလည်း အပိုပဲမို့ စိတ်လက်မသက်မသာစွာနဲ့ သုတမောင် ခေါင်းသာညိတ်ပြလိုက်တော့သည်။သွားတက်လေးနှင့်
ပါးချိုင့်နှစ်ဖက် ပေါ်အောင် ပြုံးပြလာသော ဖက်တီး
ကောင်ကို မနာလိုဖြစ်မိသည်။

ပိုင်ဝတုတ်က မိသားစုထံကရော လင်တော်မောင်ထံကပါ သဲသဲလှုပ်အချစ်ခံရပေမဲ့
မိမိမှာတော့ အချစ်ဦးထံကပင် ပြည့်ဝတဲ့ချစ်ခြင်းတရားကို
တောင် အပိုင်မရပေ။တွေးမိတိုင်း နှလုံးသားတစ်ခုလုံး
နာကျင်ရပြီး မျက်ရည်လည်ရသည်မို့ ဖက်တီး ယောက္ခမရွာကို
စိတ်ပြေလက်ပျောက် သွားလည်တာက ပိုကောင်းမည်လို့ ထင်သည်။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now