Ep 25

2.6K 334 13
                                    

Zawgyi

"လက်​စသတ်​​တော့...ဒါ့​ကြောင့်​ကိုး"

"အခုထိလည်း ငါ့ကိုမဆက်​သွယ်​ဘူး...ငါဆက်​သွယ်
ာကိုလည်း အဖက်​မလုပ်​ဘူး"

သုတ​မောင်​ ​သူငယ်​ချင်း​ယောက်​ဖ​လောင်း ပိုင်​ပိုင့်
ကို သူနဲ့ကိုငယ်​အ​ကြောင်းဝန်​ခံ​နေ၏။ ရုပ်​ရှင်​ရုံက
ရုတ်​တရက်​ ထပြန်​လာပြီး မဆက်​သွယ်​​တော့​ကြောင်း​ပြောကာ အကူအညီ​တောင်းခံ​နေရသည်​။

"ငါဘယ်​လို လုပ်​ရမလဲ...ပိုင်​ပိုင်​"

"ကိုငယ်​က ခုမှ first kiss​လေ...အဲ့တာ​ကြောင့်​မို့
တွေးပြီး ရှက်​​နေတာထင်​တယ်​"

"ငါကမှ first kissအစစ်​ကွ...သူကမှ ရည်းစား​တွေ
အများကြီး ထားခဲ့​သေးတာ"

"မင်းကလည်း...ကိုငယ်​အတွက်​ ​ယောကျာင်္း​လေးရည်းစားက မင်းပထမဆုံးပဲ​လေ...ပြီး​တော့
ကိုငယ်​က ဘယ်​​ကောင်​​လေးကိုမှ စိတ်​ဝင်​စားဖူးတာ
မဟုတ်​ဘူး​"

ပိုင်​ပိုင်​​ပြောတာလည်း ဟုတ်​ပါသည်​။မိန်းက​လေး​တွေ အများကြီး တွဲ​နေ​ပေမဲ့ ​ယောကျာင်္း​လေးရည်းစားက သူတစ်​​ယောက်​ထဲပင်​။

"ဒါ​ပေမဲ့....သူအရင်​စနမ်း​တာ​လေ။ငါက သူ့ကို
နမ်းပါ နမ်းပါလို့ ​ပြောခဲ့တာမှ မဟုတ်​တာ "

ပိုင်​ပိုင်​ ​ခေါင်းခဲသွားသည်​။သု့သု့က ငတုံး​လေးမို့လို့
သူ့လို မူယာမာယာ​တွေနဲ့​တော့ ဖျား​ယောင်းမှာ
မဟုတ်​ဘူး။သူ့အကိုကသာ လူမှာအမျိုး၊ကြက်​မှာအရိုး ဆိုတဲ့ဆိုရိုးစကားအတိုင်း သူ့နည်းတူ
အရင်​ဖျား​ယောင်းခဲ့တာပဲ ဖြစ်​လိမ့်​မည်​။

"မင်း...ကိုငယ်​ကို ​နောက်​ဆုံး ဆက်​သွယ်​ခဲ့တာ
ဘယ်​အချိန်​ကလဲ"

"လွန်​ခဲ့တဲ့....နာရီဝက်​က"

"ဟုတ်​ပြီ...အခုမင်းဘက်​က အဆက်​အသွယ်ြ​ပန်​ဖြတ်​ရမယ်​"

"ဖြစ်​ပါ့မလား....ငါတို့ပို​ဝေးသွားရင်​​ရော"

"​ဝေးစရာလား...ငါတစ်​​ယောက်​လုံး ရှိတယ်
မင်းဘက်​က မဆက်​သွယ်​​တော့မှ...သူ့​ဘက်​က သိချင်​စိတ်​၊သတိရစိတ်​နဲ့ မင်းကိုပြန်​ဆက်​သွယ်​လာ
မှာ​လေ"

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Onde histórias criam vida. Descubra agora