Ep 37

2.8K 344 32
                                    

Unicode

ရဲစခန်းရောက်ပြီး နောက်ပိုင်း ကိုလတ် ဆိတ်ငြိမ်နေသဖြင့် ပိုင်ဖက်တီး နားရွက်တောင် မခတ်ရဲ။ညကြီးမိုးချုပ် ကိုလတ် ရဲစခန်းရောက်သွားသည့်ကိစ္စက တစ်ဖက်လူကို
မေမေတို့ လျော်ကြေး အတော်အသင့်ပေးလိုက်ရ၏။

ဘာကိစ္စနဲ့ ရန်ဖြစ်တာလဲဆိုတာ ပိုင်ပိုင်မသိ။အမြဲတမ်း
ရန်ဖြစ်နေသည့် ကိုလတ်အတွက် ဘာကြောင့်ဖြစ်တယ်
ဆိုတာ မေးခွန်းတောင်မမေးမိတာတောင် ကြာပြီ။

သု့သု့ကလည်း ကိုငယ့်မျက်နှာသာ တစ်ကမ္ဘာထင်သူမို့
အရင်လို သူနဲ့အတူ ပေါက်ကရတွေ မလုတ်တော့ပေ။
တစ်ပတ်ကို နှစ်ရက်ခန့် ကိုကို အိမ်လာသည်မို့သာ
အလွမ်းတော့ အတော်အသင့် ပြေရသည်။

ယခုလည်း ကောင်းလင်းသန့်အိမ်ရောက်နေသည်မို့ ဖက်တီး ပက်ကျိလို ကပ်နေ၏။

"ပိုင်ပိုင်...ပိုင်ဇေဓနထွန်းနဲ့ သုတမောင်က တွဲနေပြီလား။"

"ဟင် ကိုကို မသိဘူးလား...တွဲတာကြာပေါ့။"

နှုတ်ခမ်းကို လိုတာထက်ပိုထော်ကာ ပိုင်ပိုင် ခွန်းတုန့်ပြန်၏။ရပ်ကွက်ထဲ သတင်းတစ်ခုကို ဖောက်သည်ပြန်ချခွင့်ရတဲ့ အန်တီကြီးတွေ အထှာနဲ့ပင်။

"ယောက်ဖက အရင်လို ရည်းစားရှုပ်သေးလား..."

"ရှုပ်ချိန်တောင်မရပါဘူး ကိုကိုရာ...သုသု ဘာလုပ်နေလဲ၊ဘယ်သွားနေလဲ အမြဲ စုံထောက်ကြီးလို
ထောက်လှမ်းနေတာ"

"သူတကယ်...အချစ်စစ်နဲ့ ချစ်မိသွားလို့နေမှာပါ...
ပြီးတော့ သု့သု့က ပါးပါးလျလျလေးနဲ့ ချစ်စရာကောင်းတယ်လေ"

ကောင်းလင်းသန့်ပေါင်ပေါ် ခေါင်းအုံးအိပ်နေရာမှ
ပိုင်ပိုင် အလျင်စလို ထထိုင်လိုက်၏။

"သု့သု့က ပါးပါးလျလျလေးနဲ့လှတယ်ဆိုတော့...ပိုင်ပိုင်က
ဝဝတုတ်တုတ်နဲ့ ရုပ်ဆိုးတယ်ပေါ့"

မျက်နှာကြီး ဆူပုတ်ပြီးကာ စိတ်ကောက်ပြနေတဲ့ ပိုင်ပိုင့်ကို စချင်လာသည်။မျက်နှာကို တတ်နိုင်သမျှ
တည်တင်းကာ...

"မလှတာတော့ မဟုတ်ပါဘူး...ဒါပေမဲ့ ပိုင်ပိုင်ဗိုက်
က အပြင်နည်းနည်း ထွက်နေတော့..."

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now