Ep 24

2.5K 340 14
                                    

Zawgyi

ယောက်​ဖ အခန်းထဲ​ပြေးဝင်​သွားတဲ့ ​ယောကျာင်္းကို
သူဘယ်​လိုမျက်​နှာမျိုးနဲ့ သွားပြန်​​ခေါ်ရမလဲ။ဝက်ပျင်းက လူလည်​ကျသွားတာ။အီးလည်း​ပေါက်​​သေးတယ်​ သူကပဲ တစ်​ခါပြန်​စိတ်​ဆိုးရတယ်​ရှိ​သေး။နေပါ​စေ။ သွားမ​ခေါ်ပဲ ပစ်​ထားပြမယ်​။
တစ်​ညတစ်​​လေ​တော့ သူလူပျိုပြန်​လုပ်​သင့်​သည်​။

ကိုငယ့်​အခန်းထဲ စိတ်​ဆိုးမာန်​ဆိုးနဲ့ ​ပြေးဝင်​လာပြီး
အိပ်​​နေ​ပေမဲ့ အိပ်​မ​ပျော်​။ကိုကိုသာဆို သူ့ကိုရင်​ခွင်
ထဲ ထည့်​ပြီး တင်းတင်းကျပ်​ကျပ်​ ဖက်​ထားမှာ။
ကိုကို့ကိုယ်​ပိန်​ပိန်​​လေးက ဖက်​ရတာ ​နွေးလှသည်​။

အခုချိန်မှ ကိုယ့်​အခန်းကိုယ်​ပြန်​မအိပ်​ချင်​။အိမ်​​ပေါ်
က စိတ်​လိုလက်​ရ ဆင်းသွားပြီးမှ အမျိုးသားပြန်
မ​ခေါ်လို့အိမ်​​ပေါ်အတက်​ခက်​​နေသည့်​ အမျိုးသမီး
တွေကို​တောင်​ ကိုယ်​ချင်းစာလာသည်​။ကိုငယ့်​ အခန်း​ရောက်​​နေလို့် လိုက်​မလာရဲတာများလား။အ​တွေးများ အလယ်​ ပိုင်​ပိုင်​တစ်​​ယောက်​ အိပ်​​ပျော်​နိုင်​မယ်​ မထင်​​တော့ပါ။

_
_
_
_
_

မနက်​စာ လာဆင်းမစားသည့်​ ကိုကို့​ကြောင့်​ ပိုင်​ပိုင်
စားရတာ မျိုမကျ။အိမ်​က မည်​သူတစ်​ဦးတစ်​​ယောက်​မျှကလည်း အစ​ဖော်​ ​မေး​ဖော်​မရကြ​​ပေ။
အသည်းနှလုံး မရှိကြတဲ့သူ​တွေ ဒါ​ကြောင့်​ အိမ်​​ထောင်​မကျ​ကြ​သေးတာ ဟွန့်​။

စိတ်​ထဲက မ​ကျေနပ်​မှုများ​ကြောင့်​ ပိုင်​ပိုင့်​နှုတ်​ခမ်း
အပြင်​ကို ချွန်​ထွက်​လာသည်​။

"ပိုင်​​လေး ...သားတို့​အောင်​စရင်း​တွေ ထွက်​​တော့မှာလား"

"ဟုတ်​ကဲ့..​မေ​မေ ဒီလရဲ့ဆယ်​ငါးရက်​​နောက်​ပိုင်း ထင်​တယ်​"

"အင်း...သား​ဖြေနိုင်​တယ်​မလား...​​နောက်​နှစ်​ဆို သားတတိယနှစ်​တက်​ရ​တော့မှာ​နော်​"

လင်​ယူပြီးပြီးမို့ ​ကျောင်းက သူနဲ့မသက်​ဆိုင်ေ​တာ့
သည့်​ ရည်းစား​ဟောင်းအလား ဖာသိဖာသာ ​နေ​နေသည့်​သူ့ကို ​မေ​မေ စကားစဆွဲထုတ်​​နေသည်​။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now