Ep 40

3.2K 333 58
                                    

Unicode

"အောက်အီးအီးအွတ်.......အောက်အီးအီးအွတ် "

လင်းကြက်တွန်သံက အိပ်မောကျနေတဲ့ ရွာငယ်လေးရဲ့
သဘာဝနှိုးစက်ပမာ လှုပ်နှိုးလိုက်၏။တစ်ဆက်တည်းမှာပင်.......

"တုံး..တုံးးးး........တုံးးးး....တုံးးးး......"

ရွာဦးကျောင်းက အုံးမောင်း‌ေခါက်သံက လေးချက်စည်တီးလေပြီ။ရာသီပေါ် လုပ်ငန်းချိန်မို့
တစ်ရွာလုံးလှုပ်လှုပ်ရှားရှားနဲ့နိုးကြားလာ၏။နံနက်နေအလင်း‌ေရာင် မထွက်မှီလယ်ကွင်းထဲထွက်နိုင်ဖို့ ပြင်ဆင်ကုန်ကြပြီ။

ကောင်းလင်းသန့်တစ်ယောက် ကြက်တွန်သံကြားသည့်ချိန်ထဲက
နိုးလာပေမဲ့ အလေးချိန်စီးသည့် တစ်ခုခုက သူ့ခန္ဓာကိုယ်ကိုဖိထားသလိုခံစားနေရသည်။မှိတ်ထားသည့်မျက်ဝန်းများပွင့်လာသည်နှင့် မြင်လိုက်ရသည်က သူ့ရင်ဘတ်ပေါ် ပါးစပ်ဟလျက် အိပ်ပျော်‌နေသည့် ကြင်သူပင်။ပြတင်းပေါက်မှတစ်ဆင့် ထွန်းလင်းနေသည့် လက်ကျန် စန္ဒာလရောင်က ကောင်းမွန်တဲ့ အလင်းရောင်တစ်ခုကို ပေးစွမ်းနေသည်။

ဘယ်နှစ်ကြိမ် နမ်းနမ်း
နမ်းမဝသည့်အိစက်စက်ပါးပြင်ကို လက်ညှိုးနဲ့ အသာ ဖွဖွထိတွေ့လိုက်မိသည်။လျှပ်စစ်မီးမရှိသည့်အရပ်မို့ မြို့ပြလို ယုတ်စွအဆုံး လေပန်ကာတောင်မရှိပေ။ ရာသီဥတုက ညဦးပိုင်းချိန်တွင် လေတဟူးဟူးရ‌ေနသေးသော်လည်း ညလယ်ခန့်တွင် ပူအိုက်လာ၏။
နဖူးထက်မှာ ချွေးနဲ့ကပ်နေသည့် ဆံနွယ် ဆံစတို့ကို လက်နဲ့အပေါ်သို့ သပ်တင်ပေးလိုက်သည်။

ပါးချိုင့်ခွက်များရှိသည့် ပါးဖောင်းဖောင်းလေးက
ပြုံးယောင်သန်းလာကာ.....

"သူများအိပ်နေတာကို .....တစိမ့်စိမ့်ကြည့်ပြီး
ခိုးချစ်နေတာ ဘယ်သူပါလိမ့်"

မျက်လုံးမဖွင့်ပဲ ဖက်တီး တီးတိုးဆိုလာ၏။
အိပ်ချင်ယောင်ဆောင်ကာ အကြင်နာ၊အယုယခံနေတဲ့
ပိုင်ပိုင်ပါပင်။

"အိပ်ချင်ယောင်ဆောင်ရဲတယ်ပေါ့ "

"ကိုကိုများ....ရုပ်ရှင်တွေထဲကလို morning kiss
များပေးမလားလို့ ဟီးဟီးးးးး...."

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now