Ep 42

3K 194 41
                                    

Unicode

ပိုင်ဖက်တီး ဘုရားစင်ရှေ့တွင် အိပ်ယာခင်းကာ စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပက်လက်လှန်နေမိ၏။ကိုယ့်အတတ် ကိုယ်စူးနေသည်မို့ မတတ်နိုင်။သုသု နေမကောင်းဖြစ်အောင်လုပ်လိုက်သည့် အဓိက တရားခံက တခြားသူမဟုတ် မိမိသာ။

ဘုရားစင်အောက် ပြတင်းပေါက်ကနေ တဟူးဟူးဝင်လာသည့် လေနုအေးတို့က သူ့ရင်တွင်းအပူကို မငြိမ်းနိုင်။ဘုရားရှေ့တည့်တည့်မို့ မတော်မရောတွေလည်း သူမလုပ်ရဲပေ။
ဘေးတစ်ဖက်ရှိ ကိုကို့ကို အသာငဲ့ကြည့်ရင် နှုတ်ခမ်းထော်မိသည်။

"ကိုကို.....လို့ "

"ဗျာ...... လို့"

သံရှည်ဆွဲထူးလိုက်သည့် ကိုကို့အသံချိုချိုလေးကြောင့် ပါးနှစ်ဖက် ဖောင်းတက်သွားအောင် ပြုံးလိုက်မိ​သည်။စပြီး
ချစ်သူဖြစ်တဲ့အချိန်ထဲက ရိုးမသွားနိုင်တဲ့ထူးသံလေး...။
ကိုကို့ရင်ဘတ်ပေါ် ခေါင်းပြောင်းအုံးရင်......

"ခုချိန်ဆို.....အခန်းထဲရောက်နေရမှာ ကိုကိုနဲ့ပိုင်ပိုင်ဟာကို....."

မကျေမနပ်ဖြစ်နေသည့် ပိုင်ပိုင်ခေါင်းပေါ် ကိုကို့လက်ဖဝါး
ရှည်ရှည်သွယ်သွယ်တို့က နေရာယူလာရင်း ခပ်ဖွဖွ ရယ်၏။

"ပြောပါအုံး....ဘယ်အဆိုးလေးက ဒီလိုဖြစ်အောင်လုပ်လိုက်တာလဲဟမ်...."

"ကိုကိုကလည်း....ပိုင်ပိုင်က ကိုငယ်ရဲ့လူပျိုဘဝလေးကို
အချစ်ဆုံးသူငယ်ချင်းဆီမှာပဲ ကုန်ဆုံးစေချင်လို့ပါနော်....."

ကောင်းလင်းသန့် ပိုင်ဖက်တီးရဲ့ပါးအိအိကြီးကို နှုတ်ခမ်းနဲ့
မနာအောင် ဖိငုံလိုက်သည်။

"သူငယ်ချင်းကို တော်တော်ချစ်နေတာပေါ့....."

"ဟီးဟီး...... "

"ဒါနဲ့ ပိုင်ပိုင်က မင်္ဂလာဆောင်ရင် ဘာဝတ်မယ်လို့ စိတ်ကူးထားလဲ....."

စကားလမ်းကြောင်း ပြောင်းခြင်းအစီအစဥ်က အောင်မြင်စွာပင် ပိုင်ဖက်တီးရဲ့ ဦးခေါင်းက ထောင်မတ်သွားသည်။
ကိုကိုနဲ့ မင်္ဂလာကိစ္စအသေးစိတ်တိုင်ပင်ချင်လို့ သူတို့ ဒီကို
ရောက်လာတာပင်။

Has llegado al final de las partes publicadas.

⏰ Última actualización: Aug 31, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Donde viven las historias. Descúbrelo ahora