Ep 26

2.6K 365 51
                                    

Zawgyi

မဆီမဆိုင်​ ကိုငယ်​ စိတ်​ဆိုး​ဒေါသထွက်​​နေတာကို
မျက်​နှာငယ်​​လေးနဲ့ ထိုင်​ကြည့်​​နေရတဲ့ ကိုကို့ကို
တောင်​ ပိုင်​ပိုင်​ သနားလာသည်​။

"​တောက်​စ်​....ဝါးနုကဝါးရင့်​ကိုပတ်​သွားတာ
လူကလက်​​တောက်​​လောက်​နဲ့ ငါလုပ်​​နေကျအကွက်​နဲ့ ငါ့ကိုပြန်​ထည့်​သွားတာ အာားးးး
ဒေါသထွက်​လို့ ​သေ​တော့မယ်​"

ဧည့်​ခန်းထဲ ​ခေါက်​တုံ့​ခေါက်​ပြန်​​လျှောက်​ပြီး မ​ကျေနပ်​​ကြောင်း တတွတ်​တွတ်​ ​ပြော​နေ၏။

"ကိုငယ်​က အခုဘာဖြစ်​လာလို့လဲ သားတို့ကို
ပြောပြမှာ ​ဝိုင်း​ဖြေရှင်း​ပေးလို့ရမှာ​ပေါ့"

မ​ပြောသင့်​ ​ပြောသင့်​ ငါးမိနစ်​​လောက်​စဉ်းစားပြီးမှ
မျက်​နှာချင်​ဆိုင်​ ဆိုဖာ​ပေါ်ဝင်​ထိုင်​လိုက်​သည်​။ဒီကိစ္စက ပိုင်​ပိုင့်​ကို​ပြောပြမှ ဖြစ်​မှာ။သူ့သူငယ်​ချင်း
ဆို​တော့ သူနဲ့50%သက်​ဆိုင်​သည်​။

"မင်း သူငယ်​ချင်း သုတ​မောင်​​ကြောင့်​ပဲ"

ပိုင်​ပိုင်​ မျက်​လုံးပြူး သွားရသည်​။သု့သု့က ကိုငယ်​ကို
ဘာပြဿနာရှာသွားတာပါလိမ့်​။ပြဿနာကို သူကသာရှာတတ်​တဲ့ ကိုငယ်​​ကို သု့သု့က ဘာပြဿနာ​တွေ ​ပေးလိုက်​တာလဲ။

"သု့သု့က ဘာလုပ်​လိုက်​လို့လဲ"

"ငါနဲ့တွဲ​နေရင်းနဲ့ ​နောက်​တစ်​​ကောင်​ ကျိတ်​ပုန်းတွဲ​နေတာ...ငါက​တော့ မသိရှာဘူး ငါ့ညီရဲ့သူငယ်​ချင်း
ဆိုပြီး ငါက အ​လေးအနက်​ ထား​ပေး​နေတာ ဒါကို
ငါ့ကို တစ်​ပတ်​ရိုက်​သွားတယ်​...ဘယ်​​ကောင်​မ​လေး
ကိုမဆို ငါ​ကောက်​တွဲလို့ ရတယ်​ ခု​တော့ကွာ...."

"သု့သု့က ဘယ်​သူနဲ့တွဲ​နေတာလဲ"

"မသိဘူး..ဘယ်​ကက​လေက​ချေ​ကောင်​လဲ​တော့
ရင်​ခွင်​ထဲမှာ ခိုလို့ပုန်းလို့ ကြည်​နူး​နေကြတာ"

"​ယောက်​ဖကလည်း သူငယ်​ချင်းလည်းဖြစ်​နိုင်​တာပဲ
သု့သု့က တခြားစိတ်​ဝင်​စားတဲ့သူမရှိဘူး"

ကိုကို့စကားက မှန်​ပါသည်​။ကျောင်းမှာ သု့သု့ကို
ကြိုက်​တဲ့သူ တစ်​ပုံကြီးကို​တောင်​ ပြန်​ကြိုက်​ခဲ့တာ
မဟုတ်​ဘူး ။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now