Ep 29

2.7K 353 31
                                    

Zawgyi

တိုက်​တိုက်​ဆိုင်​ဆိုင်​ အန်​တီအလှူသွားတဲ့အိမ်​က သုသုတို့ အိမ်​ဖြစ်​​နေခဲ့၏။အဲ့ထက်​ တိုက်​ဆိုင်​တာက
မုန့်​စား​နေတဲ့ ပိုင်​ပိုင်​နဲ့တိုးခဲ့ခြင်းပင်​။ပိုင်​ပိုင့်​ခမျာ
သူ​ကြောင့်​ မစားနိုင်​မ​သောက်​နိုင်​ဖြစ်​​နေခဲ့လိမ့်
မယ်​လို့ ​တွေးထင်​ခဲ့တဲ့ သူ့ကိုယ်​သူ​တောင်​ပြန်​သနားသွားသည်​။

ပါး​ဖောင်းကြီးနှစ်​ဖက်​က လှုပ်​လီလှုပ်​လဲ့နဲ့ မုန့်​​တွေအပြည့်​ဝါး​နေသည်​။နှုတ်​ခမ်း​သေး​သေး​လေးက
ချွန်​ထွက်​လာလိုက်​၊ ပြန်​ဝင်​သွားလိုက်​နဲ့ ဘယ်​​လောက်​​တောင်​မြိန်​​ရေယှက်​​ရေ ဖြစ်​​နေလဲ မသိဘူး။

ပိုင်​ပိုင့်​မျက်​လုံး​တွေ သူ့ဘက်​​ရောက်​ခါနီးအချိန်​တွင်
အန်​တီနဲ့မြတ်​သူဘက်​ကို ​ခေါင်းလှည့်​ပြီး စကား​ပြော
ချင်​​​ယောင်​​ဆောင်​လိုက်​သည်​။သု့သု့အိမ်​ဆို​တော့ ကျိန်း​သေ​ပေါက်​ သု့သု့ဒီနားကို ​ရောက်​လာအုံးမှာပင်​။သု့သု့နဲ့သာတိုးရင်​ သူဘယ်​လို​ပြောရမလဲ​တောင်
မသိ။

သူ​တွေးထင်​ခဲ့သည့်​အတိုင်း သုတ​မောင်​နဲ့ သူ့မိခင်
သူတို့ဝိုင်းနားကို​ရောက်​လာပြီး စကား​တွေ အ​တောမသတ်​​အောင်​ ​ဝေ​ဝေဆာဆာ​ပြော​နေကြသည်​။ အဓိကက ​မေဂျာတူ ဂျူနီယာ​လေးဖြစ်​လာမဲ့
မြတ်​သူ​ကျော်​ကို သုသုလက်​ထဲအပ်​​နေခြင်းပင်​။
အန်​တီပြန်​တဲ့အချိန်​တွင်​ ပိုင်​ပိုင်​နဲ့​ယောက်​ဖမရှိ​တော့​ပေ။ဘာ​ကြောင့်​မှန်းမသိ ရင်​တွင်းလစ်​ဟာသွားတဲ့
ခံစားချက်​က ​ပျော်​ရွှင်​မှူ​တွေကို ခိုးထုတ်​သွားတယ်​လို့ ထင်​ရသည်​။

ကျော်​ကြီးတို့အိမ်​ပြန်​​ရောက်​ထဲက အိပ်​ယာထဲ ​ခွေ​နေမိသည်​။ပိုင်​ပိုင်​ တကယ်​ဆုံးဖြတ်​ချက်​ပြီးပြီလား။
ဖက်​တီးကို သူမခွဲနိုင်​။တစ်​ဖက်​က မိဘနှစ်​ပါးကိုလည်း ပစ်​ထားခဲ့ဖို့အထိ သူ့နှလုံးသားက မမာ​ကြော​။ပိုင်​ပိုင်​ သူ့ကို နားလည်​​ပေးဖို့​ကောင်းသည်​။

"သားကြီး...မျက်​နှာလည်းမ​ကောင်းပါလား"

အပြင်​ကပြန်​လာတဲ့ ​ကျော်​ကြီးက အခန်းထဲဝင်​လာလာချင်း သူ့မျက်​နှာကို အကဲခတ်​​နေသည်​။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now