Ep 9

2.9K 283 2
                                    

Unicode

အခန်းထဲ အနားယူ ရေမိုးချိုပြီး နေ့လည်စားထွက်စားဖြစ်သည်။

"သုသု ငါတို့ ဈေးတန်းတွေ လိုက်ကြည့်ရအောင်"

"မသွားချင်ပါဘူး မင်းတို့နှစ်ယောက်ပဲသွား"

"လာပါကွာ ငါတို့နှစ်ယောက်ထဲဆို ပျင်းစရာကြီး
ကိုကိုက မတုတ်တလှုပ်ကွ"

ဝတုတ်ရဲ့ မျက်နှာငယ်နဲ့ တောင်းဆိုတဲ့ မာယာလှည့်ကွက်ထဲကို သက်ဆင်းသွားမိသည့် ငမိုက်သား သုသုပင်။ဈေးတန်းထဲသွားပြီး ပုရစ်ကြော်
တစ်ဗူး ထောင့်ငါးရာ နှစ်ဗူးယူ နှစ်ထောင့်ငါးရာဆိုလို့ နှစ်ဗူးယူပြီး တစ်ယောက်ထဲ စားနေသည်။

"ပိုင်ပိုင် နှုတ်ခမ်းမှာ အဆီတွေကွက်နေတယ်"

"ကိုကို သုတ်ပေး"

နှုတ်ခမ်းကို တစ်တောင်လောက်ပစ်ထော်ပြီး ဘဲဆီက
အပြုစုအယုယခံနေတဲ့ ပိုင်ပိုင့်ကိုကြည့်ပြီး သုသုဆီးချိုတွေ တက်လာသလို ခံစားရသည်။

"အမလေး လာလာ ငါသုတ်ပေးမယ်"

ကြားကဖြတ်ဝင်ပြီး လက်မကြီးနဲ့ ဖိသုတ်ပေးလိုက်သည်။ကဲ ဘာတတ်နိုင်သေးလဲ
ဒီလောက် အကဲပိုတဲ့ အတွဲ။

"ကိုကို့ကို သုတ်ခိုင်းတာလေ မင်းက ဘာလို့ဝင်ရှုပ်တာလဲ"

"ဘယ်သူသုတ်သုတ်လေ အဓိကက ပြောင်သွားဖို့ပဲ "

"မရဘူး ကိုကိုးးးးပြန်သုတ်ပေး သုတ်ပေးလို့"

ခြေထောက်နှစ်ဖက်ကို မြေပေါ်ဆောင့်ဆောင့်ချပြီး
ဂျီကျနေတဲ့ပိုင်ပိုင်ကို ရယ်ရယ်မောမောနဲ့ ပြန်သုတ်ပေးနေတဲ့ အကိုကောင်းလင်းသန့်က ဝဋ်ကြွေးများ
ပါလာတာလားလို့တောင် ထင်မိသည်။သူ့ကိုယ်လုံးနဲ့
ခြေကို ဆောင့်ဆောင့်ချနေတာ မြေကြီးထမ်းထားတဲ့
ဗြဟ္မာကြီးလေးဦးတော့ ဘယ်လောက်တောင်
ခေါင်းကျိန်းနေလိုက်မလဲ။

"ကဲ ငါပြန်နားချင်နေပြီ မင်းတို့လည်း ချစ်ကြည်နူးတစ်တစ်တူးချင်ရင် ကိုယ့်အခန်းကိုယ်ပြန်ကြတော့ ညကျမှ အပြင်ထွက်မယ်"

အရှေ့ကနေ ဘယ်သူ့အဖြေကိုမှမစောင့်တော့ပဲ သု့သု့
ပြန်ချလာလိုက်သည်။ခရီးပန်းတာကြောင့်လားမပြောတတ် အိပ်ယာပေါ်ပစ်လှဲပြီး နားချင်နေမိသည်။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now