Ep 1

14.7K 579 2
                                    

Unicode

သူ့ရှေ့မှာထိုင်ပြီး တရှုပ်ရှုပ်ငိုပြနေသည့် ဖက်တီးပုပ်ကို
နရင်းသာထအုပ်ချင်ပေမဲ့ မလုပ်ရဲတော့လည်း မျက်နှာငယ်နဲ့သာ ကောင်းလင်းသန့်
ထိုင်ကြည့်နေမိ၏။

"အဟင့်ဟင့် ဟင့် ကိုကိုက ပိုင့်...ပိုင့်ပိုင့်ကို မချစ်တော့ဘူး ပိုင်ပိုင်သိတယ်။ ဒါကြောင့် ပိုင်ပိုင့်ကို
အလိုမလိုက်တာ ဘယ်ကောင်မလေးကို ကြိုက်နေတာလဲပြော။ ပိုင်ပိုင်နောက်ဆုတ်ပေးမယ်
ကိုကိုပျော်ရင် ပိုင်ပိုင်လည်း ပျော်ပါတယ် ဟင့်... ဟင့်"

မရှိတဲ့ မျက်ရည်တွေကို အစွမ်းကုန်ညစ်ထုတ်ရင်း အကယ်ဒမီမင်းသမီးက အရှုံးပေးရသည့်အိုက်တင်နဲ့ မူယာမာယာများပြနေသည်။ဒီနေ့စားတာတွေအရမ်းများနေလို့ မနက်ဖြန်မှ ၀က်သားတုတ်ထိုးလိုက်ကျွေးမယ်လို့ပြောတာကို
ပြန်ပြောနေပုံကမသိရင် သူကပဲ ဖောက်လွဲဖောက်ပြန်လုပ်နေတဲ့ လူယုတ်မာလိုလို။ ဟင်းဟင်း ဝက်နော် ၀က်။

"ပိုင်ပိုင်ရယ် နောက်နေ့မှစားလေနော်။ အစားတွေအများကြီးစားရင် ပိုင်ပိုင် ဒီထက်ပို၀လာပြီ
ဖက်တီးကြီး ဖြစ်သွားမှာပေါ့။ အဲ့တာကြောင့်ကိုကိုက
မကျွေးတာပါ"

"အူဝါးးးးးအမလေးလေး.... လူကြားလို့မှကောင်းသေးရဲ့လားအရပ်ကတို့ရေ။
၀လို့ မကျွေးတာတဲ့။ ကိုယ့်ရည်းစားတောင်ကိုယ်မသထာတဲ့ လူကိုမှ
ချစ်မိနေတဲ့ ငါက ဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲ။"

အောက်ကန်တင်းတစ်ခုလုံးမှာရှိတဲ့ ဝိုင်းတွေက နောက်ပြန် လှည့်ကြည့်ရသည့်အထိ ပိုင့်ပိုင့်အသံက ပြဲလှသည်။တစ်ချို့ကလည်း ဒီမြင်ကွင်းကရိုးနေပြီမို့ တစ်ချက်သာလှည့်ကြည့်ပြီး ပြန်လှည့်သွားကြသည်။

ပဲခူးတက္ကသိုလ်ရဲ့ final သင်္ချာမေဂျာကင်း ကောင်းလင်းသန့်ကို မသိတဲ့သူမရှိသလို ကောင်းလင်းသန့်၏ရည်းစား ပိုင်ပိုင့်ကိုလည်း မသိတဲ့သူမရှိသလောက်နာမည်ကြီး၏။ကောင်းလင်းသန့်ပိုပြီးနာမည်ကြီးလာရသည့်အကြောင်းအရင်းက
သူ့ရည်းစား ပိုင်ဇေဂုဏ်ရောင် (ခေါ်)၀က်ကြောင့်ပင်။

ပိုင်ပိုင် first yearစတက်သည့်နှစ်က ဥဿဆောင်(၂)ကိုရှာမတွေ့သည့်အတွက် အခက်အခဲဖြစ်နေခိုက် စီနီယာကောင်းလင်းသန့်က
တစ်မေဂျာထဲ ဖြစ်သည့် သူ့ဂျူနီယာလေးကို
ကူညီလမ်းပြပြီး သင်္ချာဆောင်ဖြစ်သည့် ဥဿဆောင်(၂)ကို ခေါ်သွားပေးခဲ့ရာမှ အချစ် ဇာတ်လမ်း အဲ့သည်က စတည်ခဲ့၏။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Nơi câu chuyện tồn tại. Hãy khám phá bây giờ