Ep 33

2.8K 334 20
                                    

Unicode

ပိုင်ပိုင့် သူ့ဘဲကြီးနဲ့ သွားဒိတ်တာကို စာသင်ခန်းထဲက
ထိုင်စောင့်နေရတာ သိပ်မမိုက်။ပိုင်ပိုင်တစ်ယောက်ထဲ
ရည်းစားရှိတာ မဟုတ်။သူ့မှာလည်း ချစ်ရတဲ့ ကိုငယ်
ရှိနေပြီမို့ စာသင်ခန်းထဲ ပျင်းရိစွာ ထိုင်နေစရာမလိုပေ။

ကိုငယ်ကို ဖုန်းဆက်ပြီး ကျောင်းရှေ့လာကြိုခိုင်းထားသည်။သွားစရာ
နေရာမရှိပေမဲ့ ကိုငယ်ရှိနေရင် နေရာတိုင်းက သူ့အတွက် အဆင်ပြေသည်။

ကျောင်းရှေ့တည့်တည့်ကနေ ဆယ့်ငါးမိနစ်ခန့်
ထိုင်စောင့်ပြီးနောက် ပိုင်ဇေဓနထွန်းရောက်လာ၏။
ဆိုင်ကယ်ဦးထုပ်က မှန်ကိုဆွဲတင်ရင်း....

"ပိုင်ပိုင့်ကို ဘယ်လိုပြောပြီး ထားခဲ့တာလဲ"

သေစမ်း! ပိုင်ဝတုတ် အပြင်သွားတာကို ကိုငယ်လုံးဝ
သိလို့ မရတာ ဘာလို့ မေ့သွားရတာလဲ။
ပိုင်ပိုင် သူ့ဘဲကြီးနဲ့ သွားဒိတ်တာလို့ ပြောရင်
ပိုင်ပိုင် ဝက်ပေါ်နည်း အပေါ်ခံရမှာသေချာသည်။

"နေမကောင်းလို့ အိမ်ပြန်တော့မှာလို့ ပြောခဲ့တယ်"

"သု့သု့လေးတောင် ကိုယ့်ကြောင့် လိမ်တတ်နေပြီပဲ"

သုသုရဲ့ မဖောင်းတဲ့ပါးလေးကို လက်လေးနဲ့ အသာဆွဲလိုက်သည်။ပိုနေတဲ့ ဆိုင်ကယ်ဦးထုပ်ကို လှမ်း
ယူရင်း မြည်လာတဲ့ ဖုန်းကို ကိုင်လိုက်၏။

"ဟယ်လို ကိုနိုင်"

"....."

"အခု....အခုဘယ်လိုနေသေးလဲ။"

"...."

"ဟုတ် ကျွန်တော် အခုပြန်လာပြီ"

သုသုရဲ့ စိုရိမ်တကြီးအသံနဲ့ မျက်နှာအမူအယာကို အကဲခတ်ပြီး ငြိမ်ငြိမ်နားထောင်ပေးလိုက်၏။

"ကိုငယ် အိမ်ကိုပဲ မောင်းတော့။မေမေ မူးလဲလို့တဲ့"

သုသု့ ဆိုင်ကယ်ပေါ်ရောက်တာနဲ့ အလောတကြီး
လီဗာပြင်းပြင်းဆွဲကာ မောင်းနှင်လိုက်သည်။သူ့ခါးကို
ဖက်တွယ်ထားတဲ့ လက်ချောင်းသေးသေးလေးတွေက
အေးစက်နေ၏။ဒီလောက်ဆို စိုရိမ်မှုlevelကို ခန့်မှန်းလို့ ရသည်မို့ ဘယ်လက်နဲ့ အသာအုပ်ပြီး
ဆုပ်ကိုင်ကာ အားဖြစ်စေလိုက်သည်။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now