Ep 4

3K 323 1
                                    

Unicode

ကိုကို့ကို ငိုပြီး တောင်းပန်လိုက်လို့ အဆင်ပြေသွားပေမဲ့လည်း ပိုင်ပိုင် ရင်ထဲမကောင်း။
ကိုကိုက သူအနိုင်ကျင့်သမျှ ခံရရှာသည်။အခုလည်း ကိုကိုတော်တော် နာသွားရှာမှာ သနားပါသည်ဟု တွေးမိပြီး ငိုချင်နေသည်။

နေ့လည် အတန်းချိန်P1ချိန်ကို မတက်ချင်ပေမဲ့လည်း
အောင့်အင်း သည်းခံပြီးတက်နေရသည်။ကိုကိုရဲ့
အတန်းမပြေးရဘူးဆိုတဲ့ စကားကို နားထောင်ဖူးတယ်ရှိအောင် နားထောင်လိုက်အုံးမည်ဟုဆိုကာ အတင်းကျိတ်မှိတ်ကာ ထိုင်နေရသည်။

"ပိုင်ပိုင် ဒီအချိန်ပြီးရင် အတန်းပြေးပြီး ဘွဲ့နှင်းမှာ
ဓာတ်ပုံ သွားရိုက်ရအောင်"

"မရိုက်ချင်ဘူး အတန်းပြီးအောင်တက်ရမယ်။မဟုတ်ရင်
ကိုကိုဆူလိမ့်မယ်"

‌ဘောပင်ဖင်ကို ကိုက်ပြီး ကြက်ကြီး လည်လိမ်ထားသလို လိမ်ပိန်နေတဲ့ ပိုင်ပိုင်ကို
ကြည့်ပြီး သုသုခေါင်းခါမိသည်။နောက်တစ်ခါထပ်ခေါ်
ရင် ခေါင်းညိတ်တော့မှာ သူသိ‌ေနသည်။သူ့ကိုကိုကို ကြောက်ချင်ယောင်ဆောင်ပြနေတာပင်။ သူလား
ဆူမှာကို ကြောက်မှာ။

"မင်းငါ့ကို ပုံလှလှလေးရိုက်ပေးရင် မင်းကိုကို
ကိုးတန်း ဆယ်တန်းတုန်းက ကြိုက်ခဲ့ဖူးတဲ့ ရည်းစား
အကြောင်း ပြောပြမယ်လေ"

ဘောပင်ကိုက်ရက်ကြီးနဲ့ မပွင့်တဲ့ မျက်လုံးကျဉ်းကျဉ်း
လေးကို ပြူးပြဲပြီး ပြန်ကြည့်လာသည်။သုသု သိတာပေါ့ ဒီအကြောင်းကို ပိုင်ပိုင် မသိသေးဘူးဆိုတာ။

"ငါနေ့လည်က ကျောင်းသားနားနေဆောင်သွားတုန်းက
ကြားလာတာ သတင်းက အခိုင်အလုံ ရထားတာနော်"

"ဟုတ်လား ဘယ်ကလဲ ဘယ်သူလဲ
တို့ကျောင်းကပဲလား ကိုကိုနဲ့ အတန်းအတူတူပဲလား"

မျက်နှာလွဲပြီး မသိချင်ယောင်ဆောင်သွားတဲ့ သု့သု့ကြောင့်ပိုင်ပိုင်မျက်စောင်းထိုးလိုက်သည်။
ပုံရိုက်ပေးမှ ဒီသတင်းကို အတိအကျသိရမှာမို့
ပုံရိုက်ပေးဖို့ သဘောတူလိုက်ရသည်။

"ဟီးဟီး လှလှလေးရိုက်ပေးရမှာနော်ပိုင်ပိုင်"

"အေးပါ အေးပါ ငါ့ကိုငယ့်မျက်လုံးထဲမှာ မင်းအလှဆုံး
ဖြစ်အောင်ကို ရိုက်ပေးမှာ"

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now