Ep 13

2.4K 256 4
                                    

Unicode

ပိုင်ပိုင့်ကို တောက်လျှောက် မျက်စိအောက်က အပျောက်မခံတဲ့ အစ်ကိုတွေကြောင့် ပိုင်ပိုင်ရူးချင်
နေသည်။ဒီကြားထဲ ကိုငယ်ရဲ့ ပိုင်ပိုင် မင်းက Bလားလို့
မေးလာတဲ့ စကားကို ဟုတ်တယ်လို့ ဖြေလိုက်မိလို့
နားရွက် ဆွဲလိမ်ခံရသေးသည်။

မင်းကို T‌ဖြစ်စေချင်တာကွဆိုတဲ့ ယူကြုံးမရ အသံကြီး
ကြောင့် ငိုအားထက် ရယ်အား သန်ရသေးသည်။
မင်းဘဲကြီးကို မTနိုင်လို့ ပေးမgayနိုင်ဘူးဆိုပြီး
စိတ်ဆိုးမာန်ဆိုးနဲ့ ကျိန်ဆဲနေသည်။

ပိုင်ပိုင့် အခန်းထဲကို တစ်ယောက်ကို ၁၂၈ခေါက်လောက် ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့အပြင် ညတိုင်း
တစ်ယောက်တစ်လှည့်လိုလို လာလာအိပ်ကြသည်။
အရင်လို ကိုကိုနဲ့ လွတ်လွတ်လပ်လပ် မတွေ့ရသည့်
အပြင် တီတီတာတာမပြောရသည့်အတွက်
ပိုင်ပိုင် မကြည်ပါ။

************************************

"ဒါဆို မင်းအိမ်က သိသွားပြီပေါ့"

အလန့်တကြားနဲ့ မျက်လုံးပြူးလာတဲ့ သု့သု့ကို မျက်စောင်းလှမ်းထိုးလိုက်သည် ။အိမ်ကသိတာဖြင့်
တစ်လပြည့်တော့မယ် သူက အခုမှ အဆန်းလာဖြစ်နေ
သည်။

"ငါ့အိမ်ကသိလို့ နေ့တိုင်းငါ့ကို အကြိုအပို့လုပ်နေတာ
ပေါ့ မင်းအခုမှ သိတာလား"

"ဒါကြောင့် ကိုဓနက ငါ့ကိုရှောင်နေတာကို"

သု့သု့ နှုတ်ခမ်းလေး မသိမသာထော်ပြီး လက်နှစ်ဖက်နဲ့
ပိုက်ထားတဲ့ engစာအုပ်ကို ကြည့်ကာ စိတ်မကောင်း
ဖြစ်သွားသည်။ဟုတ်တော့လည်း ဟုတ်ပါသည်။
တစ်အိမ်လုံးက ပိုင်ပိုင်ပေါင်းတာ သု့သု့ တစ်ယောက်ပဲ
ရှိတယ်ဆိုပြီး သု့သု့ကိုပါ အမြင်မကြည်တော့ပေ။
သု့သု့ဘက်က ဘယ်လောက်ကာပြောပြော ပိုင်ပိုင့်
စကားကို နားမဝင်ကြ။

"အကိုကောင်းလင်းသန့်က ဘာပြောလဲ"

"ကိုကိုက တစ်ခုခုကြံပါအုံးမယ်တဲ့ အခုက စာကျက်ဖို့
ကျောင်းတွေ ပိတ်လိုက်ပြီးဆိုတော့ ကိုကိုနဲ့
တွေ့ရဖို့က မလွယ်ဘူး။မင်းဆီလည်း အကြောင်းပြပြီး
လာလို့ မရဘူး။သူတို့က ငါဘယ်သွားသွား အလွတ်
ပေးတာ မဟုတ်တော့ဘူး"

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Hikayelerin yaşadığı yer. Şimdi keşfedin