Ep 35

2.9K 329 21
                                    

Unicode

နေအပူအချိန်က ဦးခေါင်းထိပ်တည့်တည့်သို့ ကျရောက်လုနီးနေပြီ။သည်‌နေလုံးကြီးက နေ့လည်ဆယ့်နှစ်နာရီသို့ မကြာခင်အချိန်အတွင်း
ရောက်ရှိတော့မည်ဖြစ်ကြောင်း ပြောပြနေ၏။
လယ်ထဲပေါင်းလိုက်နေသူတစ်ချို့ကို ကောင်းလင်းသန့် စောစောထမင်းစား ဖြုတ်ပေးလိုက်သည်။

တဲပေါ်တက် အနားယူရင်း ညကဖက်တီးဖုန်းလုံးဝ
မဆက်သည်ကို ပြန်အမှတ်ရသွားသည်။တဲပေါ်က
ပိုင်ပိုင်နဲ့သူ့ရဲ့ အမှတ်တရ တစ်ချို့ကို ပြန်မြင်ယောင်ရင်း ပိုလွမ်းမိသွား၏။ဒီအချိန် ကန်တင်းမှာ ပါးကြီးဖောင်းနေအောင် အစားတွေစားနေမဲ့ ပိုင်ပိုင့်ပုံရိပ်ကို မြင်ယောင်မိပြန်တော့
အလိုလို ပြုံးမိသွားရပြန်သည်။

ယောင်္ကျားတစ်ယောက်အပေါ် ဒီလောက်အထိ ချစ်ခင်မြတ်နိုးမယ်လို့ သူမထင်ထားခဲ့။ပိုင်ပိုင်မို့လို့ကို
သူ ရူးသွပ်သွားခဲ့တာပင်။ပိုင်ပိုင်မှလွဲ တခြား ဘယ်ယောင်္ကျား၊မိန်းမကိုမှ စိတ်နဲ့တောင် ပစ်မှားလို့မရတဲ့ အထိ ချစ်မိသွားတာ။

သူဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော ပိုင်ပိုင် သူ့ကိုချစ်တဲ့အချစ်ကို မမှီနိုင်။ဝက်ငတုံးလေးက
ဘယ်လောက်ဆိုတဲ့ အတိုင်းအတာပမာဏကိုတောင် မပြသနိုင်တဲ့အထိ သူ့အပေါ် ပျော်ဝင်တာပင်။

ဖုန်းဒေတာ ဖွင့်ပြီး ဖက်တီးဆီ စာပို့မလို့လုပ်တုန်း
သု့သု့ဆီက စာတွေပုံတွေ ဝင်လာသည်။
သုတမောင် ပို့လာသည့်ပုံကို ကြည့်ပြီး ကောင်းလင်းသန့်ရင်ထဲ နေဆယ်စင်း ထွက်နေသလို
ခံစားနေသွားရ၏။ပိုင်ပိုင့်ရဲ့ ဖြူဖွေးဖောင်းအိနေတဲ့ ခြေဖမိုးလေး နှစ်ခုလုံး နီရဲတွတ်နေသည်။
အပူလောင်သွားကြောင်း စိတ်ပူမှာစိုးလို့ ဒီကောင်လေး
သူ့ဆီဖုန်းမဆက်လာတာလား။

ခြစ်ခြစ်တောက်ပူလောင်နေတဲ့ နေရောင်အောက်
အလုပ်တွေကို ပစ်ထားခဲ့ပြီး ရွာထဲသို့ အပြေးပြန်ရ၏။ပိုင်ပိုင့်ကို စိတ်ပူလွန်းပြီး ချက်ချင်း
ပြေးတွေ့ချင်လာသည်။

အမေ့...အဖေ"

သူရဲ့အမောတကော အသံကြောင့် အဖေလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး လုပ်လက်စနှီးထိုးသည့် အလုပ်ကို ရပ်ကာ....

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now