Ep 14

2.3K 238 2
                                    

Unicode

"ပိုင်ပိုင် ရေချိုးတော့မလား"

"ချိုးမယ်လေ ကိုကို အဲ့တာမှ ပိုင်ပိုင်လည်း စိတ်လန်း
သွားမှာ"

"အင်း အဝတ်အစားတွေ ချွတ် ကိုကိုနဲ့ အတူချိုးမယ်"

အိပ်ယာကနေ ကောက်ထပြီး အဝတ်အစားတွေ ချွတ်နေတဲ့ ပူပူနွေးနွေး ယောကျာ်းကို ကြည့်ပြီး ပိုင်ပိုင်
အာတွေတောင် ခြောက်လာသလိုပဲ။Blကားတွေ
Ficတွေထဲကလို တောင့်တင်းတဲ့ ကြွက်သားတွေမရှိပေမဲ့ ကိုကို့ခန္ဓာကိုယ် ပိန်ပိန်နဲ့
ပြေပြေပြစ်ပြစ် ရှိတဲ့ ရင်အုံတို့ကို ပိုင်ပိုင့်ကို
ဆွဲဆောင်နိုင်ပါသည်။

"ဟို ကိုကို အရင်ချိုးလေ နောက်မှပဲ ပိုင်ပိုင် ချိုးတော့မယ်"

"တစ်ခါတည်းအတူချိုးမယ် ပိုင်ပိုင့်ကို ရေချိုးမဲ့နေရာ
ပြရအုံးမယ်"

ကိုကိုပြောတာ မှန်ပါသည်။ဒီအရပ် ဒီဒေသကို ပထမဆုံအကြိမ် ရောက်ဖူးတဲ့ မိမိအတွက် အရာရာဟာ
အသစ်ပဲမို့ ကိုကို့ဆီက ဘယ်နေရာမှာ ဘာရှိပြီး ဘာလုပ်ရမလဲဆိုတာ သိထားသင့်သည်။
ပိုင်ပိုင့် အဝတ်အစားတွေပါ ချွတ်လိုက်သည်။
ကိုကိုရှေ့ ချွတ်ရသည်မို့ အနည်းငယ်တော့ ရှက်ပါသည်။

"ပိုင်ပိုင့် ကိုယ်လုံးလေးက ဖက်ထားရင် အိနေတာပဲ"

အပေါ်ပိုင်းအဝတ်ဗလာဖြစ်နေတဲ့ ပိုင်ပိုင့်ကိုယ်လုံးလေးကို ဖက်ပြီး ညှစ်လိုက်သည်။

"တစ်ချက်လောက် ပေးကိုက်ပါလား ပိုင်ပိုင်"

"မကိုက်နဲ့ ပိုင်ပိုင်က အသားတွေအများကြီးပဲမို့
တအားနာတယ်"

"ရပါတယ် ခုမကိုက်ရလည်း ညကျရင် ကိုက်ရမှာပဲကို"

ပိုပိုင့်မျက်နှာ ပူခနဲဖြစ်သွားသည်။ကိုကိုနဲ့ အကြင်လင်မယားတွေ ဖြစ်သွားပြီမို့ ဒီကိစ္စတွေက
အမြဲမဟုတ်ရင်တောင် မကြာခဏ ကြုံတွေ့ရမှာ။
ဘာပဲဖြစ်ဖြစ် ကိုကို့ကိုပိုင်တယ်ဆိုတဲ့ စိတ်က သူ့ကို
တကယ်ပျော်ရွှင်စေသည်။

"ရေလဲပုဆိုးက ဒီဟာကိုယူ"

ပုဆိုးအဟောင်းတစ်ထည်ကို ပိုင်ပိုင့်ပုခုံးပေါ် တင်ပေးပြီး သူလည်းပုဆိုးတစ်ထည် ပုခုံးပေါ်တင်လိုက်သည်။ဆပ်ပြာဘူးတို့ သွားတိုက် သွားပွတ်တံတို့ ထည့်ထားတဲ့ခြင်းလေးကို ဆွဲပြီး အပြင်ထွက်သည်။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now