Ep 19

2.8K 346 27
                                    

Zawgyi

သူ့ရင်​ဘတ်​​ပေါ် မျက်​နှာကြီးအပ်​ကာ တရှုပ်​ရှုပ်​​ငို​​​နေတဲ့ ဖက်​တီးရဲ့ ​ကျောပြင်​ကို လက်​​လေးနဲ့ အသာ
ပုတ်​ပြီး က​လေး​ချော့နည်း​ချော့​နေရသည်​။နဖူး​ပေါ်
ရှိ ဆံပင်​​လေး​တွေ အသာလှပ်​ကာ နဖူးမှာ အာလူး
သီးများ သီ​နေပြီလားလို့ စစ်​ကြည့်​ရ​သေးသည်​။
တိုင်​နဲ့​ခေါင်းနဲ့ ​ဆောင့်​ထားတာ ဘယ်​နှစ်​ချက်​မှန်း
တောင်​ မသိဘူး။

"ပိုင်​ပိုင်​​လေး နဖူးက အရမ်းနာ​နေလားဟင်​"

"မနာ..နာဘူး"

"ဟုတ်​လို့လား သစ်​သားတိုင်​ကြီး​တွေနဲ့ ​ဆောင့်​တာ
တောင်​မနာဘူးဆို​တော့ ဟုတ်​​ကော ဟုတ်​ရဲ့လား"

"ပိုင်​ပိုင်​က အရူးမှမဟုတ်​တာ လက်​ဖဝါးခံထားတယ်​​လေ လက်​ဖဝါး​ပေါ် ​ဆောင့်​ချတာ​ မနာပါဘူး
ကိုကို​ကော ပိုင်​ပိုင်​တွန်းလိုက်​တာ နာသွား​သေးလားဟင်​"

ကောင်းလင်းသန့်​ မချိပြုံးသာ ပြုံးပြလိုက်​သည်​။
မနာ​ပဲ​နေမလား သူ့အားနဲ့ တွန်းထုတ်လိုက်​တာ
ကျောရိုး​တောင်​ အက်​ပြီထင်​ရတယ်​။ကိုယ့်​မှာ​တော့
စိတ်​​တွေ ပူလိုက်​ရတာ။ ကလိမ်​ကကျစ်​ဝက်​။

"ကိုကိုက ပိုင်​ပိုင့်​ကို မချစ်​​တော့ဘူးလား"

"မချစ်​စရာလား ချစ်​လွန်းလို့​တောင်​ ခိုးလာတဲ့ဟာကို"

"ကိုကိုက ပိုင်​ပိုင့်​နားလည်းမကပ်​ဘူး ပိုင်​ပိုင်​နဲ့လည်း
မအိပ်​ဘူး"

"ကိုကိုက ပိုင်​ပိုင်​နဲ့မအိပ်​လို့ ဘယ်​သူနဲ့အိပ်​ရမှာလဲ
အခုလည်း အိပ်​​နေတာပဲ​လေ"

"အဲ့လိုအိပ်​တာမဟုတ်​ဘူး​လေ ကိုကိုကလည်း
ဟိုလိုအိပ်​တာ ဟိုလို"

နှုတ်​ခမ်းကြီး​ထော်​ပြီး ဆူ​ဆောင့်​ပြ​နေသည်​။
ဟိုလိုအိပ်​တာက ဟိုလိုလား။

"ပိုင်​ပိုင်​က အိပ်​ချင်​လို့လား"

"မအိပ်​ချင်​ပါဘူး အိပ်​ချင်​စရာလား ပိုင်​ပိုင်​က
ကိုကို ​ပြောင်းလဲ​နေတာကို ​ပြောပြတာ ဟွန့်​"

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Wo Geschichten leben. Entdecke jetzt