Ep 11

2.4K 258 2
                                    

Unicode

"ပိုင်ပိုင် ပိုင်ပိုင် အိပ်ယာထတော့ ကျောင်းသွားရအုံးမယ်လေ"

အခန်းအပြင်က အော်နိုးတဲ့ မိခင်ဖြစ်သူကြောင့်
အိပ်ယာပေါ် ကိုယ်ကိုလှိမ့်ပြီး အကျောဆန့်လိုက်သည်။
ဒီနေ့‌ ကျောင်းက မဖြစ်မနေသွားရအုံးမယ်။
Tutorial ရှိသည့်အတွက် ပြေးလို့မရ။ရေချိုးခန်းဝင်ပြီး ရေအိမ်တက် ရေချိုး
တစ်ပါတည်း လုပ်လိုက်သည်။ကိုကိုနဲ့ ဆင်တူဝယ်ထား
တဲ့ ရှပ်အကျီအနီလေးက ဗိုက်နားမှာ နည်းနည်းကျပ်နေသည်မို့ အသက်အောင့်ပြီး ကြယ်သီးတပ်လိုက်သည်။

ကျောပိုးအိတ်ယူပြီး အပြေးထွက်လာရသည်။Tutorialမမှီမှာစိုးလို့
မနက်စာတောင် မစားခဲ့ရပေ။ကျောင်းပေါက်ရောက်
တော့ အပြင်မှာ စောင့်နေတဲ့ သု့သု့ကို သုံးဘီးကား
ပေါ်ကနေ လက်လှမ်းပြလိုက်သည်။

"ကြာလိုက်တာကွာ "

"ဟီးးး အိပ်ယာထနောက်ကျသွားလို့ပါကွာ"

အတန်းထဲရောက်တော့ ဆရာမက Tutorialစာအုပ်တွေတောင် ဝေနေပြီမို့ အမြန်ပြေးဝင်ပြီး နေရာမှာ ထိုင်ကာနေရာယူလိုက်သည်။ဖြေချိန်နာရီဝက်လောက်
တောင်မကြာပဲ ပိုင်ပိုင်နဲ့သု့သု့က ကူးလို့ပြီးသွားပြီ။

"သု့သု့ eng ချိန် ဆက်တက်မှာလား"

"မတက်ချင်ဘူး မင်းကော"

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အဖြေသိလိုက်ပြီ။စာအုပ်တွေသိမ်းပြီး ဆရာမထွက်သွားပြီးတဲ့နောက် အတန်းထဲက တခြား
သူတွေနဲ့ ရောယောင်ပြီး လိုက်ထွက်လာခဲ့သည်။

"ဦးလေး သားကို ကြက်ခေါက်နဲ့stringတစ်ဗူးပေး"

"သားကိုက လက်ဖက်ထမင်းနဲ့ သံပုရာရည်တစ်ခွက်"

ထုံးစံအတိုင်း အောက်ကန်တင်း ဝင်းရတနာဆိုင်က
ဦးလေးကြီးထံ နှစ်ယောက်သား စားစရာမှာပြီး ဖုန်းကိုယ်စီထုတ်ကာ Facebookသုံးနေလိုက်သည်။

"ပိုင်ပိုင် ဒီမှာ မင်းဘဲ mail boxမှာပါလာတယ် ကြည့်ကြည့်"

သု့သု့ထိုးပေးတဲ့ ဖုန်းကို အလျင်အမြန် ကြည့်လိုက်သည်။ captionက "အကို့အပြုံးတွေ
အောက် ညီ့နှလုံးသား ပျောက်ဆုံးသွားလို့ ပြန်ရှာပေး
နိုင်မလား ။အကို့ကောင်လေးထက် ပိုတဲ့ အချစ်တွေ
ပေးနိုင်ပါတယ် ချစ်တယ် အကို"။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now