Ep 5

3K 308 3
                                    

Unicode

"ကိုငယ် ပိုင်ပိုင် မလုပ်ချင်ဘူးလို့ပြောနေတယ်လေ"

အနောက်က တကောက်ကောက်လိုက်ပြီး သူ့ရည်းစားအဖြစ် အပြင်မှာပါ လိုက်သရုပ်ဆောင်ခိုင်း
နေသည်။

"လုပ်ပါ ပိုင်ပိုင်ရာ ကိုငယ် မုန့်ဖိုးပေးမယ်လေ"

ကလေးမုန့်တောင်းသလို တဂျီဂျီလုပ်နေတဲ့ ကိုငယ့်
ကြောင့် ပိုင်ပိုင် ငိုချင်သွားသည်။ရည်းစားနဲ့ အဆင်မပြေရသည့်ကြားထဲ သူကတစ်မျိုး။ပိုင်ပိုင်
ဖြတ်ခနဲ တစ်စုံတစ်ယောက်ကို သတိရသွားရသည်။

"ကိုငယ် သုသု့ကို ခေါ်သွားလေ "

ပိုင်ဇေဓနထွန်း အကြံအိုက်သွားသည်။ပိုင်ပိုင့် သူငယ်ချင်း သုတမောင်ဆိုတဲ့ကောင်လေးနဲ့က သိပ်ရင်းနှီးတာ မဟုတ်။ဒီကောင်မလေးကိုလည်း
ဖြတ်ချင်လှပြီ။

"ဖြစ်ပါ့မလား ပိုင်ပိုင်ရာ။ ဟိုကောင်လေး စိတ်ဆိုးသွားပါအုံးမယ်။"

အမယ် သုသုလား စိတ်ဆိုးမှာ
ကတောင်ကနေအုံးမှာ ဟွန့်။ဘာပဲဖြစ်ဖြစ် ဒီဇာတ်လမ်း
မှာ ပိုင်ပိုင်တို့ အမြတ်ထုတ်ရမှာပဲ။

"အဟမ်း အဲ့တာကတော့ ပိုင်ပိုင့် အပိုင်းဖြစ်သွားပြီလေ
သုသု ကူညီချင်အောင် ပိုင်ပိုင်ပြောပေးရမှာ အဲ့တာ....
အဲ့တာက ဟင်းဟင်း"

မျက်ရစ်မရှိတဲ့ မျက်၀န်းကျဉ်းကျဉ်းလေးကို ပေကလက် ပေကလက်လုပ်ပြီး ဖောင်အိကားနေတဲ့
ပါးကြီးကိုပိန်လိုက်ဖောင်းလိုက်လုပ်နေသည်။
မင်းအကိုပါ ပိုင်ပိုင်ရာ မင်းဘာကို ဆိုလိုချင်တယ်ဆိုတာ ငါသိတယ်ကွ ငါသိတယ် ။

"တစ်သောင်း တစ်သောင်းပဲပေးမယ် ပိုင်ပိုင်
ဟိုတစ်နေ့ကပဲ သုံးသောင်းယူသေးတယ်
ပြီးတော့ ဟိုကောင်လေးကို မုန့်လည်းကျွေးရအုံးမှာ"

ငါးပေခုနှစ်ပဲရှိတဲ့ ပိုင်ဇေဓနထွန်းအရပ်က ပိုင်ပိုင့်ထက်
အနည်းငယ်ပဲ ရှည်သည်။အသားအရည် ဖြူဖြူလေးနဲ့
ခန္ဓာကိုယ်သေးသေးလေးမို့ တော်တော်များများက
ပိုင်ပိုင်က အကြီးလို့တောင်ထင်ကြရသည်။ပိုင်ပိုင့်တို့
ညီအကိုတတွေလုံး မှာပါးချိုင့်ပါကြပေမဲ့ ပိုင်ပိုင်က
အားလုံးထက် ထူးကာ သွားတက်ကလေး အပိုပါသည်။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ حيث تعيش القصص. اكتشف الآن