Ep 10

2.9K 258 5
                                    

Unicode

အဆက်မပြတ်မြည်နေတဲ့ ဖုန်းသံက အိပ်ယာကနေ
မထလို့မရတော့ကြောင်း ပြောနေသလိုပင်။ဆူညံပြီး
ဘာသီချင်းထည့်ထားမှန်း မသိတဲ့ ringtoneက
ကျွန်တော် ပိုင်ဝတုတ်ရဲ့ ဖုန်းမြည်သံပါလို့ အသိပေးနေသည်။

ကိုယ်ပေါ်ဖိထားတဲ့ ပိုင်ပိုင်ရဲ့ ခြေတွေလက်တွေကို
ဖယ်ပြီး  ဖုန်းကို လှမ်းယူပြီးကိုင်လိုက်သည်။

"ဟဲလို"

"ပိုင်ပိုင်မင်းမလာသေးဘူးလား ငါဗိုက်ဆာလို့ အူလိမ့်နေပြီဟ မင်းကတော့ ဘယ်ဆာမလဲ လင်ကျွေးထားတာတွေနဲ့ ဝနေပြီကိုး ငါကတော့ ဆာနေပြီ "

စူးခနဲ နားထဲဝင်‌ရာက်လာသည့် သု့သု့အသံကြောင့်
ကောင်းလင်းသန့် အိပ်ချင်စိတ်ပါပြေသွားရသည်။
အိပ်ကောင်းကောင်းနဲ့ အိပ်နေတာ ဘယ်ချိန်ရှိသွား
မှန်းတောင် မသိဘူး။ပိုင်ပိုင်ဆို ခုချိန်ထိ တုတ်တုတ်တောင်မလှုပ်ပေ။ဝက်တစ်ကောင် ရိုက်ပြီး
ကုတင်ပေါ် ပစ်တင်ထားသလို ဆန့်ဆန့်ကြီး အိပ်နေသည်။

"ဆောရီး သု့သု့ အစ်ကိုတို့ ညကညည့်နက်မှ အိပ်ကြလို့
ခဏနေထွက်လာမယ်နော်"

ပိုင်ပိုင်ထင်ပြီး လွှတ်ကောပြီးမှ အစ်ကိုကောင်းလင်းသန့်မှန်းသိရတော့ အားနာမိသည်။
ညည့်နက်မှ အိပ်ရအောင် သူတို့က ဘာလုပ်နေကြလို့လဲ။

"ဟုတ် ကျွန်တော်စောင့်နေမယ်"

မအီမသာအသံနဲ့ ပြန်ပြောနေတဲ့ သုတမောင်ကြောင့်သူဘယ်လောက်ဗိုက်ဆာနေမှန်း
သိသာလှသည်။ဖုန်းချပြီတာနဲ့ ကိုယ်ပေါ်က စောင်ကို ခွာပြီး ခေါက်သိမ်းလိုက်သည်။စောင်နဲ့ လုံးထွေးပြီး
အိပ်နေတဲ့ ပိုင်ပိုင့်ကိုယ်ပေါ်က စောင်ကိုဆွဲယူပြီး
ပိုင်ပိုင့်ကိုပါ တပါတည်း နှိုးရသည်။

"ပိုင်ပိုင် ပိုင်ပိုင် ထတော့ ပိုင်ပိုင့်သူငယ်ချင်းက
ဗိုက်ဆာနေပြီတဲ့ ထတော့လို့ အချိန်မနည်းတော့ဘူး"

တွန့်လိမ်ပြီး အပျင်းကြောဆွဲနေရာမှ မျက်နှာ ရှုံ့မဲ့သွားသည်။

"အားးးးး နာလိုက်တာ  ထတောင်ထနိုင်ပါ့မလားမသိဘူး"

"ဟုတ်လား အရမ်နာနေလား  ကိုကို ဘာလုပ်ပေးရမလဲ
ကိုကိုအားလည်း အများကြီး မသုံးပါဘူး"

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now