Ep 31

3.2K 363 31
                                    

Unicode

မနက်က ပိုင်ပိုင့်ကို စိတ်ဆိုးဒေါသထွက်တာနဲ့ မြတ်သူကျော်ကို ကန်တင်းမှာ ဒီအတိုင်းထားပစ်ခဲ့မိတာ
ကို အားနာသွားရသည်။ကောင်လေးက ကိစ္စမရှိပါဘူး
‌ဆိုပေမဲ့ အကြီးတစ်ယောက်မပီသတဲ့ လုပ်ရပ်မျိုးဖြစ်သွား၏။သူတာဝန်ယူပြီး ပို့ဆောင်ပေး
ပါမယ်လို့ ပြောပြီးမှ ကမူးရှုးတိုးနဲ့ ပိုင်ပိုင်နဲ့ ဝေးရာကို
ထထွက်ပြီး ပြန်လာခဲ့မိသည်။မနက်ဖြန်တော့ အတန်း
ထဲ အရောက်လိုက်ပို့ ပေးလိုက်ပါအုံးမည်။

ညစ်နေတဲ့ စိတ်တို့ကို ပြေလိုပြေငြား
ရေချိုးခေါင်းလျှော်ပြီး အိပ်ယာပေါ်  ငုတ်တုတ်ထိုင်ကာ
စိတ်ပြေလက်ပျောက် ဖုန်းကြည့်ဖို့ ဖုန်းယူလိုက်သည်။
Facebookဖွင့်ပြီး Newfeedကြည့်ကြည့်ချင်း
တက်လာသည့်ပုံက ပိုင်ပိုင့်ပုံပင်။ရေကူးကန်မှာ ရိုက်ထားသည့်ပုံမှာ အပေါ်ပိုင်းဗလာနဲ့ အောက်ပိုင်းက
ဘောင်းဘီတို တစ်ထည်သာပါသည်။

အသည်းတွေအများကြီးနဲ့ ဝိုးပေါင်းများစွာကို ရထားတဲ့
အပြင် cmtတွေ အများကြီး ရထားသေးသည်။ဒါ ဖက်တီး သက်သက်ညစ်ပတ်တာပင်။သူမကြိုက်ဘူးဆို
တာသိလို့ ဒီပုံကို တမင်တင်တာ။ကောင်းလင်းသန့်
အ‌ကြောင်း ကောင်းကောင်းသိစေရမည်။

Cute type boyပုံလေးတွေ ရှာပြီး sexyကျတဲ့
Captionတပ်ပေးလိုက်ရုံပင်။ဒီလောက်ဆို ပိုင်ပိုင်
ဖျတ်ဖျတ်လူးအောင် မခံချိမခံသာ ဖြစ်နေတော့မှာ
သေချာသည်။

Cmtတွေ reactတွေမှာ ကိုကိုပါမလားလို့ လိုက်ရှာ‌ကြည့်နေပေမဲ့ မတွေ့။ပျင်းပျင်းနဲ့ Newfeed
ကို အပေါ်အောက်ဆွဲနေတုန်း ချစ်စရာကောင်လေး
တစ်ယောက် ခန္ဓာကိုယ်ကို အသာပေးရိုက်ထားသည့်
ပုံတွေ တက်လာသည်။တစ်ပုံချင်းစီ ကြည့်နေခိုက်
Shareထားတဲ့ ပိုစ့်ပိုင်ရှင်တွေ့မှ ပိုင်ပိုင် အိပ်ယာကနေ
ဆတ်ခနဲ ထထိုင်မိတဲ့အထိပင်။

Oh! babe ဆိုပြီး လျှာသိမ်းနေတဲ့ emojiနှစ်ခုနဲ့
shareထားသည်။ပိုင်ပိုင် သွေးတို့ အပေါ်ကို ဆောင့်တက်သွားသလို ခံစားရသည်။

"အားးးးးး နှာဘူးကြီး၊ တဏှာရူးကြီး ဂန်ဒူးကြီး
ဘောကို babeပါလား ။ငါ့လောက်တောင် မလှတဲ့
ဂျပိန်အရိုးကို ။အမဲရိုး ကိုက်ချင်တဲ့ဟာကြီး....
ငါသာ အခုချက်ချင်း ဖင်ချွတ်ပြီး Liveလွှင့်ရင် ဒင်း
ဒူးနဲ့ မျက်ရည်သုတ်နေရမယ်"

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now